အပိုင်း (70)

Start from the beginning
                                    

သူ့လက်ထောက်ကို ဖုန်း ပြန်ဆက်သည်။

"အဲ့ cctv record တွေအကုန် ဖြတ်လိုက်...
အဲ့ကောင်ကို ဖမ်းခေါ်ခဲ့စမ်း..."

"ဟုတ်ကဲ့ Lord.."

Lord သူ့ဖုန်းကို ပစ်ခွဲချလိုက်ကာ....
သူ့ဆံနွယ်တွေကို အပေါ်လှန်တင်ရင်း....
သက်ပြင်းတွေဆက်တိုက်ချနေမိသည်။
တစ်ကိုယ်လုံး ပူလောင်လာသည်။

မင်းကွာ.....မင်းက​တော့....

အရင်ကသာဆို ခွန်း တစ်စဆီ ဖြစ်နေပြီ....

ဒါပေမယ့် ခွန်း အသာနာအောင် Lord ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး....

ဒါပေမယ့် ငါ့ဒေါသတွေကို ဘယ်လိုလုပ်ရမလဲ..

ငါဒေါသထွက်လွန်းလို့ သေနိုင်တယ်......

Lord ဘာလုပ်ရမှန်းကိုမသိဘူး...အရမ်းဒေါသထွက်နေသည်။

သူ့ဒေါသကိုဘယ်လိုဖြေရမလဲ...ဘယ်လိုလုပ်ရမလဲ

တစ်ညလုံးမအိပ်နိုင်ဘဲ ဆေးလိပ်သာ တစ်လိပ်
ပြီး တစ်လိပ်သောက်နေသည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

မနက်ခင်း အိပ်ယာက နိုးတော့....ခွန်း ခေါင်းတွေကို တစ်ယောက်ယောက်ရိုက်ထားသလို အရမ်းကိုက်နေတယ်

"အ့....ခေါင်းကိုက်လိုက်တာ.. "

မျက်လုံးက မပွင့်တပွင့်ဖြင့်.... အိပ်ယာမှာ ထထိုင်လိုက်သည်။

ဘေးနားကို ဟိုကြည့်ဒီကြည့်နေတုန်း

Lord က သူမကို စိုက်ကြည့်နေတယ်

"အောင်မလေး... မြတ်စွာဘုရား..."

Lord ကြည့်နေတယ့် ပုံက သူမကို ဝါးစားမလိုဘဲ...

"Lord....ဘာဖြစ်လို့လဲ "

"ကိုယ့်ကိုယ်ကို မသိဘူးလား.."

"ဘာများလဲ.. "

"မင်းတဂယ် ဘာမှ မမှတ်မိဘူးလား...Fuck...
ကိုယ့်ဟာကိုစဥ်းစား တော့"

ပြောကာ ထွက်သွားသည်။

Lord ကြည့်ရတာ သူ့ကို စိတ်ဆိုး နေတာလား.....

ခွန်း စဥ်းစားလို့မရဘူး....မူးသွားတာ...ပဲ...
တဖြေးဖြေး ပြန်စဥ်းစားရင်း စဥ်းစား....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now