အပိုင်း (70)

Start from the beginning
                                    

"အရမ်းလှတာပဲ... "

"Lord လား....မဟုတ်ရင် အနားမကပ်နဲ့..."

"မိန်းမပျိုလေး က Lord နဲ့ ဘာတွေလဲ..."

နောက်ထပ်ကောင်လေးတစ်ယောက်က
ရောက်လာကာ...

"ဟေ့ရောင်...ဒါ..Lord ချစ်သူလေ...ဟိုနေ့က လိုင်းပေါ်သောက်သောက်လဲ ပွဲဆူသွားတာ..သူလေ"

"သက်ရှိနတ်သမီးလေး..Lord ချစ်သူက ငါ့လက်ထဲမှာလား...."

"ဟုတ်တယ်... မြည်းကြည့်ချင်စရာလေး...."

"ဟေ့ကောင်...နောက်ဆုတ်လိုက်...သူက ငါ့လက်ထဲမှာ...."

ထိုသူက.... ခွန်း ရဲ့ ခါးကို ဖတ်ကာ....ခွန်း
မျက်နှာလေးကို တစိမ့်စိမ့် ငေးကြည့်နေလေရဲ့...

ပါးပြင်လေးတွေကို ထိကပ်ရင်း ခွန်း ရဲ့
ပါးပြင်ကို နမ်းရှိုက်လိုက်သည်။

ခွန်း က Lord ထင်ပြီး ငြိမ်နေမိတယ်....

နှင်းစက်က စိတ်မချလို့... အခန်းထဲကို ဝင်လာခဲ့သည်။

ခွန်း နှုတ်ခမ်းကိုထိကပ်လာချိန်....

ခွန်း ရဲ့ လက်ထောက် က အထဲဝင်လာချိန်နဲ့တိုးကာ
"ဒါ...ဘာလုပ်နေတာလဲ....ရပ်စမ်း..."

အသံကြောင့် ဖြူစင်နွယ် လဲ ဝင်လာခဲ့သည်။

နှင်းစက် ​က ခွန်း ကို လှမ်းဆွဲလိုက်သည်။

"ဘာဖြစ်တာလဲ "

"မမလေးကို နမ်းဖို့လုပ်နေတယ်"

ဖြူစင်နွယ် က ထိုကောင့် ပါးကို ဖြတ်ရိုက်လိုက်သည်။

"ရာရာစစ...Lord ချစ်သူကို ထိရဲတာလား.."

"ချိုနေတာပဲ.... "

"တောက်.....ပြန်ကြရအောင်...."

ဒီလိုနဲ့ ဆူးနဲ့ခွန်း ကို လက်ထောက်တွေက မနည်းဆွဲခေါ်ကာ အိမ်သို့ပြန်လာစေသည်
ဒီတော့ Lord မြင်လိုက်ရတာက သူ့ချစ်သူ ခါးကို ဖက်ပြီး နမ်းတာရယ်...ခွန်းကိုယ်တိုင်ကလဲ ဒါကိုသဘောကျနေတာကိုပေါ့...

ရုတ်တရက် မျက်လုံး တွေကရဲတောက်လာကာ သားရဲတစ်ကောင်လိုကိုဖြစ်လာသည်။

တစ်ကိုယ်လုံး မီးလောင်နေသလို ပူလောင်ကာ
အရမ်းဒေါသထွက်လွန်းလို့....
ပြောစရာ စကားကိုမရှိတော့ချေ။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now