အပိုင်း(69)

Start from the beginning
                                    

Lord က ဖုန်းကို ပြန်သိမ်းလိုက်ပြီး ရပ်ကြည့်လိုက်သည်။

ကားထဲကထွက်လာသည့် ဆူးနဲ့ခွန်း...

နှစ်ယောက်သား မူးရူးနေတာ မြင် မကောင်းဘူး..

ပါးတွေကရဲတောက်နေတာ...ဘေးက
လက်ထောက်တွေကလဲ ထိန်းပေးရင်း...

"ခွန်း မမူးဘူး..ဖယ်...."
"ငါလဲ မမူးဘူး..လာမထိနဲ့..."
Lord က နှစ်ယောက် ကို စိုက်ကြည့်နေသည်။

နှစ်ယောက်သား မူးနေပြီ...စကားတွေကလဲ
ဟိုတယောင်ယောင်ပေါ့

"အဲ့ Lord ပေါ့...ခွန်း က သာ ချစ်လိုက်ရတာ....သူကလေ...ခွန်း ကို ရိုက်တယ်...အဟင့်...ဟင့်...."

"ဘာ...ငါ့ယောင်းမလေးကို ရိုက်တယ်...အဲ့အဘိုးကြီးက...ငါသက်ပြစ်ရမယ်...အကိုတွေဘာတွေနား
မလည်ဘူး...ယောင်းမ ထိ ဓားကြည့်ပဲ"

"ဟုတ်တယ်....ဆူးရယ်...အဟင့်ဟင့်..."

"ငါ့ယောင်းမလေး သနားပါတယ်... အီ...ဟင့်"

နှစ်ယောက်သား ဖက်ကာ ငိုနေကြသည်။

Lord တစ်ယောက် ခေါင်း တညှိမ့်ညှိမ့်ဖြင့်ကြည့်နေသည်။
သူမတို့နှစ်ယောက် လက်ထောက်တွေက သူတို့သခင်မလေးတွေကိုကြည့်ကာ ခေါင်းတစ်ခါခါဖြင့်ပင်။

ဒီချိန်မူးရူးနေတယ် နှစ်ယောက်ကို ....

"မင်းတို့ အဲ့လောက်ထိ ချစ်နေကြတာလား"

နှစ်ယောက် အငိုရပ်လိုက်ကာ.....

"ဟွန့်.....ဒီအသံ ရင်းရင်းနှီးနှီး ကြားဖူးတယ်"

"ငါလဲ ကြားဖူးတယ်"

သူတို့နှစ်ယောက်က Lord အနားကို လာကာ
သေချာကြည့်သည်။

Lord က ဘာမျှ မပြောဘဲ စိုက်သာကြည့်နေသည်။

ရုတ်တရက်
နှစ်ယောက်က Lord ကို ဖက်လိုက်သည်။

"ရင်ခွင်အကျယ်ကြီး...မိုက်လိုက်တာ... "

"အရမ်းမိုက်တာပဲ "

Lord က သက်ပြင်းချလိုက်သည်။ ခုနက စိတ်ဆိုးနေတာတောင် ဘယ်ရောက်သွားမှန်းမသိဘူး...

"ဆူးရဲရဲကို သူ့အဆောင်ကို ပြန်ပို့လိုက်ကြ"

"ဟုတ်ကဲ့ Lord"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now