မောင်ထားခဲ့ရင် ကျန်ရစ်ခဲ့ပါ့မယ်

609 36 11
                                    

(သီချင်းအရင်နားထောင်လိုက်နော် 🤍)

" ကိုယ်သွားတော့မယ်.. ပြန်မလာဖြစ်ဘူး "

" ဟုတ် "

မောင်ကတော့သူ့ကိုသိပ်စိတ်ပျက်စွာနဲ့ တံခါးကိုဆောင့်ပိတ်ကာ ထွက်သွားလေတော့မှ
သူ့တကိုယ်လုံးတဆတ်ဆတ်တုန်လာပြီး
နံရံကိုမှီလျကိ ထိုင်ကျသွားသည်။
မျက်ကွင်းတွေဟာလဲ မရှင်းမလင်းနဲ့သိပ်ကိုဝေဝါးလာပြီး
တလိမ့်လိမ့်ကျလာသော မျက်ရည်စက်တွေက
အတားအဆီးမဲ့ကာ လက်ခုံဖြင့်ဖိသုတ်လိုက်သည်။

" ကျနော်က မောင်ပြောသလို အသုံးမဝင်တဲ့လူပါ "

အရာရာ ထုံအလွနိးတတ်ပါတယ်။
မှီခိုလွနိးအားကြီးလွန်းလို့မွန်းကြပ်မှာစိုးခဲ့ပါတယ်။
ကျနော့်ရဲ့ အချစ်တွေက
မောင့်အတွက် သိပ်ကို ပေါများလွန်းလို့ အတုသယောင် ထင်ခဲ့သည်မလား...

ရိပေါ်မှာ.... မောင်တယောက်တည်းသာရှိခဲ့တာပါ

ကျနောိ့ကိုအထီးကျန်စေပြီမလားမောင်ရယ်

.
.
.
.

နေရောင်ခပ်နွေးနွေးဟာပါးပြင်ပေါ်ကျလာသည့်တပြိုင်နက်
ရိပေါ် မောင်မရှိတော့တာမေ့ပြီး ကြမ်းပြင်ကိုခပ်ဖွဖွလေးနင်းကာ ရေချိုးခန်းထဲဝငိသွားမိသည် ။

အောိ...
မောင်မှ မရှိတော့တာ ။
မောငိရှိလို့ ခြေသံသာကျယ်ခဲ့ရင် တနေ့လုံးမျက်ရည်တွေကျရတဲ့နေ့တနေ့ဖြစ်နေခဲ့မှာပဲ ။

ဒေါသကြီးလွန်းတဲ့မောင့်ရဲ့အမြင်ကြညိမှုကို
တောင့်တနေခဲ့တဲ့ကျနော့်အဖို့ နွေခေါင်ခေါင်
ထီးတချောင်းနဲ့လမ်းပျောက်နေသလိုပါပဲ။

မောင်ကခေါင်းလေးပုတ်ပြီးတော်တယ်လို့ပြောတဲ့ရှားရှားပါးပါးနေ့တွေဆို ပျော်လွန်းလို့အံကြိတ်တတ်တဲ့အကျင့်လေးတွေတောင်ပြနိပေါ်တတ်သေး...

ဟူးး... ရိပေါ်သက်ပြင်းချလိုက်သည်။
တနေကုန်ဘာမှမစားခဲ့တာတောင်
မတ်တပ်ရပ်နိုင်သေးတဲ့ ကိုယ့်ကိုကိုယ် မှန်ထဲအံ့အားသင့်စွာကြညိ့မိတယ်။

နေ့လည်ခင်းလောကိကျတော့
စားသူမဲ့တဲ့နေ့လည်စာတွေကို တယောကိတည်းချက်ဖြစ်နေတယ်..
တခါတလေ နာနာကျင်ကျငိနိုးထလာရတဲ့မနက်ခင်းတွေဆို နေ့လည်စာကိုပဲအားပြုချက်ပေး
နိုင်တယ် ။

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now