အရာရာထက် တစ်သက်မက ပိုလို့ချစ်တယ် [ Uni + Zaw ]

1.5K 92 10
                                    

[ Unicode ]

ချပ်!.. ချပ်!

လမ်းမတစ်ခုအထက်တွင်
အမြန်နှုန်းနှစ်ဆ ရစ်ထားသလို မီးရောင်စုံ
နဲ့ ပြေးကူး နေ ကြ တဲ့
ကားတွေရဲ့အလည်ခေါင်တည့်တည့်မှာ
အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်က
နှစ်ချို့ စာအုပ်တစ်အုပ်နဲ့ ငွေရောင်လက်
ပတ် လေးကို တစ်လှည့်စီ ကြည့်နေ
လေ၏။

အနားသားတွန့်ကြေနေတဲ့
အဝါပုတ်ရောင် စာရွက်သား
တွေပေါ်က စာတစ်ကြောင်းမှာ
ကြက်ခြေ ခတ်စေပြီး..
မိနစ်တံ လွန်စွာ မြန်နေတဲ့ ငွေရောင်နာရီ
ကို ငုံ့ကြည့်ရင်း
မီးနီပြတဲ့ လမ်းကို ‌
အေးဆေး လျှောက်သွားလေသည်။

ကိုယ်မင်းကို ရှာ နေရတာဝမ်...

ကိုယ်မင်းကို ခုနှစ်တွေကြား အပြေးရှာတယ်...

နိုင်ငံတွေကြား အ‌ပြေးရှာတယ်...

ကိုယ်အချိန်တွေကို
မြန်ရင် မြန်လိုက်တယ်..
ပထမဆုံး နှင်းကျ‌တဲ့အချိန်ကျရင် ရပ်ထားလိုက်တယ်...

နှင်းလုံးလေးတွေ
သိပ်ကြိုက်တဲ့ ဝမ်ဝက်လုံးလေးကို
ကိုယ် ဘာတွေ ထပ်စတေးရင်ရှာတွေ့မှာလဲ...

1979 ခုနှစ်မှာ
အချိန်တွေကို ရပ်ပစ်လို့ ကိုယ် နောက်ပြန်လာခဲ့တယ်....

မင်းသေဆုံးသွားတဲ့
1979 ရဲ့ နောက်အနာဂတ်ကို ကြိုကြည့်ဖူးတယ်
ကိုယ်ဟာ မိန်းမတစ်ယောက်နဲ့ပျော်နေတယ်တဲ့....

မဖြစ်နိုင်တာ...
သိပ်လှတဲ့ ဝမ့်ရဲ့ မျက်လုံးအပြာနု
လေးတွေ တစ်ခု တူနေလို့သာ ကိုယ် ကြင်နာတာ
ဖြစ်နိုင်တယ် ....

တူပါတဲ့ဆိုတဲ့ အစိတ်အပိုင်းလေး
တစ်ခုကိုတောင် မျက်ရည်
ကြည်တွေ ခုန်ပေါက်မကျ အောင်
တန်ဖိုးထားတာဆိုရင် မူရင်း အလှ ပိုင်ရှင်
ရဲ့ မျက်လုံးပြာလေး ၊
ထိတွေ့လိုက်တိုင်း အိဝင်သွားတဲ့ ပါးဖောင်း
ဖောင်းလေး ၊
တင်စီးလွန်းတဲ့ စကားတွေသာ ထွက်တတ်တဲ့
မက်မွန်ရောင် နှုတ်ခမ်းဖူးလေးတွေဆို
ကိုယ် ဘယ်လောက်တောင်
တန်ဖိုးထား မြတ်နိုးခဲ့မလဲ....

ကိုယ်က မူပိုင် လှရပ်ဝန်း
လေးနဲ့ပဲ အချိန်တွေ လှည့် ကစား
ပြီးပျော်မွေ့ချင်တာ
ကိုယ်တို့အခါခါ တစ်ထပ်တည်းတူနေတဲ့ အခြေအနေမျိုးနဲ့ စတင်တွေ့ဆုံ မယ် ၊
ပထမဆုံးနှင်းကျ‌တဲ့နေရာမှာ
တူညီတဲ့အနမ်းတွေကို ကိုယ်ပဲဦးဆောင်ပြီး
ဆက်ပေးမယ် ၊
‌လက်ဖဝါးပြင်ကျယ်ထဲက တစ်သက်စာလွတ်ထွက် သွားခဲ့တဲ့ မဖမ်းဆုတ်နိုင်
ခဲ့တဲ့ လက်လေးကို
တမြတ်တနိုးကြည့်မယ်....။

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now