ချစ်လွန်းလို့... ❤️ [ Uni + Zaw ]

1.7K 87 4
                                    


ချစ်လွန်းလို့တဲ့...

မင်းတို့က ချစ်ဖို့ ကောင်းတဲ့အမူအယာတွေကို ရွေးပြီး ချစ်ကြတာပါ...

သူတို့ရဲ့ ဒေါသတွေ ၊မရောင့်ရဲနိုင်မှုတွေ ၊ ပြောင်းလဲ လာတဲ့ အပြုအမူတွေ လုံးဝ မကြိုက်ကြဘူး မလား....

ကိုယ် ရောပဲ~.. ဝမ်ငယ်လေးကို
သိပ်ချစ်တယ်...

စေ့စေ့ပိတ်ထားတဲ့ အခန်းငယ်
ထဲမှာ လူကြီးတစ်ယောက်က ဓာတ်ပုံ ဘောင်
လေးကို ရှေ့ချ ပြီး မေးထောက်ငေး
နေလေတယ်...

ရွှေဝါ ရောင် ဆံနွယ် လုံးလုံးလေးနဲ့
ကောင်လေး ရဲ့ အပြုံးက
အသက်ဝင်နေသလို သူ့ရင်ကို လဲ
ထပ်တူ အေးမြစေတယ်လေ...

အဲ့တာကြောင့်ဝမ်ငယ်လေးကို ချစ်ရတာ...

ရှောင်ကျန့်က
တစ်ကိုယ်တည်း နေတဲ့ သမား ၊
အသိ များများစားစား မရှိပေမဲ့
ချမ်းသာ ပြီးသဘောကောင်းတဲ့သူမျိုး...။
ဆိုင်လေး တစ်ဆိုင်ရှေ့မှာ ထိုင်ငိုနေတဲ့ 5 နှစ်
အရွယ်ကလေးလေးကို
မတွေ့ခင်အထိ ပေါ့...

ကျနော့် ဘဝ ကြီးကို လေ အထိန်းအကွပ်မဲ့အောင် ဖြစ်စေခဲ့တယ် ဝမ်ငယ်လေး...

ဖြူဖြူလုံးလူံးလေးပေါ်
ဖခင်စိတ် ဘယ်လို မှ ထားမရခဲ့...

ကလေးတစ်ယောက် ပေါ်
ဘယ်လို မှ ဂရုဏာ မသက်နိုင်ပဲ..
မှေးကျ နေအောင် ပြုံးပြလိုက်ရင် ဖောင်းတက်လာတဲ့ ပါးဖောင်းဖောင်း
လေးတွေက ရှောင်ကျန့် နှလုံးသား
တစ်ခုလုံး တဒုန်းဒုန်းနဲ့...

ဖက်ထားရက်နဲ့ ကိုယ်အိအိလေးကို အားမရခဲ့ဘူး...

ဖြစ်နိုင်ရင် နှလုံးသားထဲ ခွဲ ထည့်ထားချင်တာ...

ဒါမှ
ကိုယ့်လက်က မထွက်သွားမဲ့ ကလေး..
ဒါမှ သာ ကိုယ့်ကို ပြစ်ပြစ်ခါခါတွေ မပြောတော့မှာ... အင်းး။

လက်ဖဝါး ပြင်ပေါ်
ဖန်ကွဲ စ စိုက် ဝင်နေတာ မို့ သွေးစက်များ
စီးကြနေစဲ... ဒါတွေကို သတိတောင်
မမူ မိပဲ လူက ထုံထိုင်းနေတယ်။

မထွက်သွားပါနဲ့ ကလေးရယ်...

.
.
.

" Daddy "

အော်.. မင်းရောက်လာတယ် နော်။

ရောက်သာ ရောက်လာတာ
အခန်းဝ က နေပဲ သူ့ကို ရပ်ကြည့်နေစဲ...

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now