Sing for you

1.1K 40 3
                                    

" သခင်လေး~..ဒီကမ္ဘာမှာ လူသားနှစ်ယောက်ချစ်ကြိုက်လို့မရပါဘူး.."

" ဘာလို့လဲ!!! ဘာလို့လဲ ငါသူ့ကိုကြိုက်တယ်!
ငါသူ့ကိုပဲလိုချင်တယ်..သွား!!! သူ့ကိုသွားခေါ်ပေး.."

ရိပေါ်အလို မကျဖြစ်ကာ..ဘေးနားမှာ ရှိသမျှ
ဖန်ခွက်တွေ ၊ ပန်းကန်တွေကို ကြီးမားတဲ့ မှန်ကြီးရဲ့ဘေးဘက်ခြမ်းတွေကို ပစ်ပေါက်သောင်းကျန်းနေသည်။

ထိုမှန်လေးမှာတော့ ချစ်ရတဲ့သူကဲ့ပုံရိပ်ကို..မြင်တွေ့နေရသဖြင့် မထိရက်မတို့ရက်ပေ။

ဒီကမ္ဘာကြီးကို မုန်းသည်..
ဒီလူသားတွေအကုန်လုံးက တောင်ကုန်းမြင့်
အေးစက်နေတဲ့အချိန်မှာ သစ်ပင်တစ်ပင်က
နေမွေးထုတ်ပေးသည်။ မာရှာ သစ်ပင်.လို့‌‌
ခေါ်ကြပီး.
အရောင်‌မျိုးစုံနဲ့ လှပ‌သည်။ ဒါမဲ့
လူနှစ်ယောက်ချစ်ကြိုက်မိပီး..နောက်တစ်နေ့ကြရင်
မာရှာ အပင်မှာ အရောင်လှပတဲ့အသီးနှစ်လုံးသီးနေပီး..ထိုလူနှစ်ယောက်က ပျောက်သွားသည်လေ..။

"ငါ ဒီမှာ မနေဘူး!!!! ငါသူ့ဆီသွားမယ်.. "

အနီရောင်အဝင်းကွပ်ထားသည့်
မှန်ရှိရာသို့ရိပေါ်ခြေတစ်လှမ်းဆီ လှမ်းသွားပီး..
ကျယ်လောင်တဲ့အသံကြောင့် ခြေတစ်လှမ်းဆုတ်မိ၏။

" ရိပေါ်..ဖြစ်လေရာ ဘဝကိုကြိုက်ရင်တော့..
သွား..မင်းက အပင်လည်း ဖြစ်သွားနိုင်သလို..
နင်းချေလို့ရတဲ့ မြက်ပင်လည်းဖြစ်သွားနိုင်တယ်.."

ထိုအသံကြားရသည်မှာ ခေါင်းများကွဲအက်တော့မည့်အလား..အရိပ်တို့သည်လည်း
အမျိုးမျိုးပြောင်းလာသည်။

" ဖြစ်ချင်ရာဖြစ်..ကျနော်ဂရုမစိုက်ဘူး..မာရှာ နှုတ်ဆက်ပါတယ် ~ "

မှန်တစ်ချပ်ကနေ ရိပေါ်ထွက်လာပီးနောက်
အရောင်အသွေးစုံလင်တဲ့ သူ့ရဲ့ ပန်းခင်းတွေက
လည်း ညှိုးခြောက်သွားပီး.. ရိပေါ်ရဲ့ ညာဘက်လက်မှာလည်း သင်္ကတ ပန်းပွင့်လေးပျောက်သွားခဲ့သည်။

-----
စိုက်စိုက်မြိုက်မြိုက် အိမ်အကြီးကြီး. ရောက်လာပီးသည့်နောက်..
အနီရောင်ဖြစ်နေတဲ့မြက်ပင်အရှည်တွေကို လက်နဲ့ဖယ်ထုတ်ကာ..တံခါးပေါက် ကို တဒေါက်ဒေါက်မြည်အောက်ခေါက်လိုက်လေသည်။

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now