Made in Xiaozhan 💚 [ Uni + Zaw ]

1.4K 122 10
                                    

[ Dramaမချိုးပါ 😂]

.
.[ Unicode ]

" ခင်ဗျား လွယ်လွယ် မပြောပါနဲ့! ဒီကလေးက ကျနော်ကိုယ်တိုင် အခက်အခဲတွေကြားထဲက မွေးလာရတာ ပါ "

မြေညီထပ် အခန်းလေးထဲက ယောင်္ကျားလေးသုံးယောက်ဟာ ညဘက်တိုင်း တစ်ခုမဟုတ်ရင် တစ်ခု
ဖြစ်လေ့ရှိတယ်...

ရိပေါ် ရင်ခွင်ထဲက မုန့်တွေ ပေတူးအောင်
စားထားတဲ့ကလေးငယ်က ခါးထောက်ပီး ရပ်ကြည့်နေတဲ့ သူ့ဒယ်ဒီဆီ ပါးပါးလက်ပေါက်ကြားထဲက ခိုးခိုးကြည့်လျက်...

" အေး... မင်းတစ်ယောက်တည်းမွေးတာပေါ့ ဟုတ်လား!... "

" ဟုတ်တယ် "

" ကောင်းရောကွာ မင်းက single fatherကြီးပေါ့!!! ..
ဒီက နွားလိုရုန်းရတဲ့ကောင်က ဘေးမဲ့ ကြီးကျလို့"

ရိပေါ်လေး သက်ပြင်းချ တယ်....

ရင်ခွင်ထဲမှာ ရှိတဲ့သားလေးကို headphoneကြိုးလေး တပ်ပေးလိုက်ကာ ဘေးလှည့် အိပ်စေလိုက်တယ်...

မပြီးဘူးဆိုတာ သိတာမို့ သူတို့လူရှင်းတဲ့နေရာ
သွားလိုက်လေသည်...

ဘာပဲဖြစ်ဖြစ်ကလေးကို မသိစေချင်ဘူး...

အလင်းရောင်
တစ်တိုင်သာ ရှိတဲ့ မှိနိပြပြ
တိုက်ကြားမှာ တစ်ယောက်တစ်ထောင့်
ကပ်လို့ ဘာစကားမှ မဆိုကြပေ...

အိမ်ထောင်ဆို တဲ့အရာမှာ ပြောစရာဘာရှိလဲ
ကျနော့်အတွက်တော့ ရှောင်ကျန့်ပေါ့...

" သေချာရဲ့လား ဝမ်ရိပေါ်!.. အဲ့ကလေးရဲ့အဖေက ငါဆိုတာ! "

ရင်တစ်ခုလုံး ကြေမွလာသလို ထုံထှိုင်း လာစေပီး
နားရှိလို့သာယုံရတာ " ကို " က လူစားများထိုးသွားတာလား...

ရင်ငုံနှုတ်ပိတ်နေတဲ့ ရိပေါ်ကို စိတ် ကမရှည် ဆွဲဆက်ဆောင့်လိုက်ရင်လည်း ဆေးရုံရောက်အုံးမယ်...

" သားက ကို့ရဲ့ ကလေးပါ ... DNAဘာလို့စစ်နေမှာလဲ အဲ့တာ ရိပေါ်ကို သက်သက် စော်ကားတာမဟုတ်ဘူးလား! "

" ငါ့သားသာမှန်ရင် စစ်ခံလေ!.. "

" Hk! အဲ့တာ ကျနော့် သိက္ခာ လေ !!အဲ့တာ ကျနော့် သိက္ခာ လို့!  "

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now