ကျနော်တို့ဟာ ခဏတာ‌ ဝေးဖို့မှ မဟုတ်ပဲ [ Xiao Zhan 's POV ]

1.2K 117 14
                                    

[ Unicode ]

' အာ.. sorryပါ ရရဲ့လားဗျ '

' ဟုတ်.. ဟုတ် ရပါတယ် အကို '

ဝိတ်တာ ကောင်လေးက
ပူ စပ်လောင်နေတဲ့ Coffeeတွေ
အင်္ကျီပေါ်ဖိတ်ကျ ခြင်းကို သည်းခံ
ပီး ခေါင်းကြီးပဲ စွတ်ငုံ့ထားလေသည်။

' တကယ် ရတာလား '

' အွန်း.. ကျနော် ဖန် ကွဲ စတွေ ကောက်ဖို့ ဖယ်ပါအုံး အကို '

ဒါ ကျနော်တို့
စတွေ့ခဲ့တဲ့ ပုံရိပ်လေး...
အဲ့တုန်းက ရိပေါ်လေးက မျက်နှာကိုတောင်
သေချာ မပြဘူး..

မဆိုးပါဘူး..
ဆုံတွေခြင်းက Coffeeဆိုင်လေးတစ်ဆိုင်
မှာပဲ အပေါ်စီးက
မြင်ရတဲ့ ပါးဖောင်းလေးတွေက
အပိုဆုပေါ့...

ကျနော် သူ့ကို ရင်ခုန်တယ်
ချစ်လားဆိုတော့ သိပ်ချစ်တယ်....

ဒါပေမဲ့လို့
စိတ်ထဲမှာ နေရာ မပေးဖြစ်ဘူး..
ကိုယ်က အမှု့မဲ့ အမှတ်မဲ့
ပြောလိုက်ပေမဲ့ ကောင်လေးက
စိတ်မကောင်းလဲဖြစ်သွားတတ်တယ်။

ဒီလိုနဲ့
မထင်မှတ်ပဲ ခဏ ခဏ
Coffeeဆိုင်လေးကို လမ်းကြုံသလိုနဲ့
ဝင်ဖြစ်ပြီး ရင်းနှီးလာတယ်...

စစပိုင်းချင်း ကျနော်ထင်တာက
ရိပေါ်က သွက်သွက်လက်လက် ဘာကိုမှ အရေးမလုပ်တဲ့ Cool guyလေးလို့ ထင်ပီး
ကြွေခဲ့တာ...

ချေ နေတုန်းကတော့ သေးသေးလေးက
အစ ဂရုစိုက်ပေးဖူးတယ်..
နောက်ပိုင်း အထစ်အငေါ့တွေက များလာတယ်...

ရိပေါ်က သံသယကြီးပြီး
ချုပ်နှောင်ထားတယ်...

အဲ့တာကို မကြိုက်တာ
ကျနော်တစ်ယောက်တည်း မဟုတ်ဘူး
ဘယ် ယောင်္ကျားလေးကမှ  ချုပ်ချယ်တာမကြိုက်ဘူး..

.
.
.
.
.
.
မေ့မေ့ပျောက်ပျောက်ပဲ
ဧည့်သည်တစ်ယောက်နဲ့
ချိန်းထားလို့ ရိပေါ်အလုပ်လုပ်တဲ့
Coffeeဆိုင်လေးကို ရောက်လာခဲ့ တဲ့နေ့။

" ဆိုင်ကိုအလည်ခေါ်တာလာတာလား.. ကြိုပြောပါလားအကိုရာ "

" မဟုတ်ဘူးရိပေါ်ရဲ့ အကိုက အသိတစ်ယောက်နဲ့ချိန်းထားတာ "

ရိပေါ်ဟာ
အဲ့အချိန်မှာပဲ မျက်နှာ ပျက်သွားတယ်...

ကျနော် အမှန်ပြောလိုက်တာလေ
ဘာများမှားလို့လဲ...
အရင်ကရော ချောင်းပေါက်မတတ်
ဆိုင်ကို လာတာကျတော့ရော??
မင်းမေ့ ပစ်တာလား။

One shot collection ( Zhanyi.. ✨) [Completed]Tahanan ng mga kuwento. Tumuklas ngayon