ငယ်သူမို့စိတ်ကစားခဲ့တာလားမောင်

793 58 2
                                    


(Uni 🤍)

ကျနော်ကတော့မထင်ပါဘူး တကယ့်လက်တွေ့အတိုင်းပါပဲ..

ရိပေါ်စိတ်ကတော့တမျိုးပါ
စွဲလမ်းရခက်လွန်းပေမယ့် ခွာမရအောင်မှီခိုမိသွားတော့လည်း ဘယ်အရာမဆိုအပြစ်မမြင်နိုင်ခဲ့ဘူး။

မောင်နဲ့ပထမဆုံးတွေ့တာ တက္ကသိုလ် အနုပညာ club မှာ ပေါ့။
မောင်က အဖွဲ့ဝင်မဟုတ်ပေမယ့် ဂျစ်ကန်ကန်နဲ့ basketball တလုံးကို လက်မှာပွေ့ပြီး
ကျနော့်တို့အခန်းရှေ့ ထိုင်နေသည့်အချိန်အခိုက်အတန့်တွေမှာ ဆိုရင် မာနကြီးသူပီပီ ချေမိုးခဲ့သေးတယ်။

မောင်က လိုချင်တာရှိရင် ဇွဲရှိတယ်..
ခုထိ ဇွဲရှိ နေရင်ကောင်းသားမောင်ရယ် ။

ဘယ်လောက်ရင်နင့်နင့်လဲ
ကျနော့်မှာ အပြုံးမပျက် ..ဟော ဝမ်ရိပေါ်ရယ် မင်းတကယ်ကို ရှောင်ကျန့်ရှေ့ ကျရှုံးနေပြီလား။

" သားရေ ရှောင်ကျန့်က ပန်းစီးပို့လိုက်တယ် နှင်းဆီပွင့်ကြီးတွေ လှလိုက်တာ ကွယ် "

" ဟုတ်မေမေ .. သားအတွက်အသုံးမလိုဘူးမေမေရဲ့ ဘုရားပန်းထိုးလိုက်နော်~ "

ရိပေါ်ရဲ့မေမေလည်း
သားဖြစ်သူက စိတ်မာခဲ့တာလားအသဲမာခဲ့တာလားတောင် မခွဲခြားနိုင်တော့ပါ ။ အမေဖြစ်သူတောင် မကြည့်ရက်တဲ့အချိန်မှာ ပြုံးနေနိုငိခဲ့သလို
နှစ်တွေကြာတာတောင် ဒီလိုအတုအ‌ယောင်အပြုံးကိုထိန်းထားသေးတယ် သားရယ်။

သားဖြစ်သူကိုလည်း
ငိုချင်ငိုချဖို့အကြံပြုခဲ့ပေမယ့် အငိုသန်လွန်းတဲ့သားလေးက ငိုရတာကို စိတ်ကုန်လာပြီတဲ့လေ..။

ခဏကြာတော့
မေမေလည်း ဝမ်းလုံးလေးရဲ့ ဆံပင်အုပ်အုပ်လေးတွေကို ဆွဲဖွကာ အခန်းထဲ ထွက်သွားချေတော့
အိပ်ယာပေါ်ပစ်လှဲချရင်း
အတိတ်ကလှ ပတဲ့အရာတွေ မှတ်ဉာဏ်ထဲ ဖြတ်ပြေးနေသလို မရှ်လာတဲ့အနာဂတ်တွေကိုလည်း
အိမ်တဝက်နိုးတဝက်မှာ ရိပေါ်ပုံဖော်ပါသေးတယ်။

ဘယ်လိုလုပ်မလဲမောင်ရယ် မုန်းမလာဘူး..
ဒါပေမယ့် မောငိ့ကိုလဲ မလိုအပ်တော့ဘူး။

ငယ်ငယ်တည်းကအထီးကျန်လွန်းတော့
ညဘက်တွေအိပ်မရတဲ့အကျင့်တွေပါလာလို့
မောင်ကသဘောမကျဘူး

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now