Lost myself [ Uni + Zaw ]

2.1K 138 6
                                    

[ Uni ]

ကျွီ... ဒုန်း!!!!

လူကြီး တစ်ယောက် ကား လမ်းမ ထက်က
ကျယ် လောင် သော အသံကြားသဖြင့်..
နားကြပ်ချွတ်လိုက်ပီး..
အမြင်အာရုံရသော ညာဘက်မျက်လုံးဖြင့်သာ
ဝေ့ဝိုက်ကြည့်လိုက်သည်....

အပြာနုရောင် ရှပ်အင်္ကျီမှာ
မြင် မကောင်းအောင်
သွေးများစွန်းပေနေသော..
အရပ်ရှည်ရှည်နဲ့ ကောင်လေးတစ်
ယောက်ကို ချီမကာ.. အနီးနားက ဆေးရုံသို့
လမ်းလျှောက်၍ သာ အေးဆေးသွားလိုက်သည်...

ဘေးနားက လူတွေကတော့ ကားငှားသွားပါလားတဲ့...

အဲ့တာ သူတို့စောက်လုပ်လား...
သူတို့သာ စာနာစိတ်လေးနည်းနည်း
သာ ရှိခဲ့ရင် ကျနော့်ကို ခပ်နှံချာချာ လူက
ဆေးရုံရောက်တာ နောက်ကျ
သွားလို့ဆိုပီး..မျက်လုံးတစ်ဖက်ကမ်းစရာ မလိုဘူးလေ...

အော်.. ကျနော့်လက်ထဲက ရှောင်ကျန့်ဆိုတဲ့
ဘော ကြော့ သူ ဌေးသားလေးကိုတော့
စိုးရိမ်ကြ လိုက်တာ..

လမ်းမကြီးတည့်တည့် လျှောက်သွားချိန်မှာ..
ကောင်လေးရဲ့ ခေါင်းပေါ်က
သွေးတွေက
ရိပေါ်လက်ဖျံတစ်လျှောက် ကနေ
အဖြူရောင် အင်္ကျီလေးပေါ်သို့..
စိမ့် ကာ ကျနေလေသည်..

ဆေးရုံသို့ ရောက်တော့..
ဆရာဝန်တွေ အုံလာကြတယ်..
ဘယ်သူ မှ မသိမရှိ တဲ့ ရှောင်ကျန့်မို့လို့လေ...

" ကား တိုက် တာ.. "

" လူနာ သွေးထွက်လွန်နေပီ!.. မင်းကတော့
အေးဆေးရပ်နေရလား!! "

" အေးဆေးတယ်... ကျနော့် အသက်မဟုတ်လို့ "

ဆရာဝန်တစ်ယောက်ချင်း သူ့ကို ရွံသလိုလို
ကြည့်ပီး အဖိုးတန်လေးကို တော့
ရတနာလေးလို့ ပင့်ခေါ်သွားကြသည်...

သေချာပေါက် ချာတိတ်လေး အသက်ရှင်မှာပါ..

.
.
.
.
ကျနော်က တော့ ဘုရားသခင်
ကို ချာတိတ်လေး အသက်ရှင်ပါစေလို့
ယောင်လို့တောင် မဆုတောင်းပေး
ပေမဲ့.. ချာတိတ်က သေကံမပါတော့
အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အိပ်
ပျော်နေ ပီလေ...

ဆရာဝန်မ တွေကတော့ ကျနော့်ကို သံသယဝင်ကြတယ်...

လူနာဘေးမှာ ထိုင်နေတဲ့ ကျနော့်ကို တံခါးပေါက်ကချောင်းလိုက် ၊ မသိမသာဝင်
လာလိုက်နဲ့ အာရုံ ပျက်တယ်...

One shot collection ( Zhanyi.. ✨) [Completed]Where stories live. Discover now