အပိုင်း (65) ZU

Start from the beginning
                                    

မနက်လင်းတာနဲ့... စောစောထ....

ဆံပင်ကို အမြင့်စီး...အသစ်ဝယ်ထားသည့် Gym Workout လုပ်ရင် ဝတ်တယ့် ဘောင်းဘီတို အပေါ်က ခါးတိုအကျပ်ဖြင့်..အကုန်လုံး အဆင်သင့်ပြင်ကာ

မမနှစ်ယောက် နဲ့ အတူ Gym အဆောင်ကို ရောက်လာသည်။

ရောက်တော့လေ....ခွန်းတွေးလိုက်မိတာက...

"မမတို့ Work out ဘယ်လိုလုပ်ရမလဲ သိလား"
ဖြူစင်နွယ် က ခေါင်းညှိမ့်ပြကာ

"သိတယ်..."

ဘာလို့ဆို သူမ က ကိုယ်ရံတော် လေ...သိမှာပေါ့...

"ခွန်း ကို သင်ပေးပါ"

"အင်း..."

ဖြူစင်နွယ် နဲ့ နှင်းစက်က တံခါးကြီးကို
ဖွင့်လိုက်ချိန်...

သုံးယောက်သား မြင်ကွင်းတစ်ခုကြောင့် အံ့သြ သွားလေပြီ။

"OH MY GOD!!!!!!!!!"

အခန်းထဲဝယ်....Lord ရဲ့ ကိုယ်ရံတော်တွေ အကုန် အပေါ်ဝတ်ဗလာဖြင့် Gym ဆော့နေတာမြင်လိုက်ရတော့ ခွန်းမျက်လုံးပြူးသွားသည်။
Lord က သူ့ရဲ့ အချိန်ပြည့်တာဝန်ယူထားသည့် ကိုယ်ရံတော် တွေကို ရဲတိုက်က Gym ကို သုံးခွင့်ပေးထားတယ်....

ခွန်းရောက်သွားတယ့် နေရာက ကိုယ်ရံတော်တွေအတွက်သီးသန်​့ Gym ဖြစ်ပါတယ်

Lord က သီးသန့်ရှိပါတယ်....ဖြူစင်နွယ် က အချိန်ပြည့် ကိုယ်ရံတော် မဟုတ်ခဲ့တာတစ်ကြောင်း...မိန်းကလေး ဖြစ်တာမို့တစ်ကြောင်း..အဲ့တာကြောင့်မသိခဲ့တာပါ....နှင်းစက်လဲ မေ့နေခဲ့တာ

မို့မောက်နေတယ့် ကြွက်သားတွေကိုယ်ဆီနဲ့.....

ချွေးတွေနဲ့ ယောကျ်ားတစ်ယောက်နဲ့ဆွဲဆောင်မှုတွေ

အကုန်လုံးကိုတစ်နေရာထဲမှာ မြင်နေရပါလား....

သုံးယောက်သား ကြောင်တောင်တောင်ကြည့်နေမိသည်။

အကုန်လုံးကလဲ မိန်းကလေး သုံးယောက် ကို မြင်တော့ မျက်လုံး ပြူးနေကြသည်။

ဟိုဘက်ဒီဘက် အပြိုင်ကြောင်တောင်တောင်ကြည့်နေရင်း...

အလေးတုံးတစ်ခုပြုတ်ကျသံကြောင့် အကုန်.....
သတိဝင်သွားခဲ့လေသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now