မြတ်ပန်းဝေကလဲ သူကြည့်ရာအတိုင်းလိုက်ကြည့်တယ်

"သူတို့က အပူအပင်ကင်းမဲ့တယ်နော် "

ဘယ်လောက်အားကျဖို့ကောင်းလဲ?

မြတ်ပန်းဝေ ထပ်ပြီးသက်ပြင်းချလိုက်ပြန်တယ်

"နင်ငါ့ကိုနားမလည်ပါဘူးဟာ "

သူမက ချစ်ချင်တိုင်းချစ်ခွင့်မရှိတဲ့အပြင် ဒီကမ္ဘာကလဲမဟုတ်ဘူး အချိန်တန်ရင် ပြန်ရမဲ့သူ ဒီက ဇတ်ကြောင်းက နှင်းဒီဇင်ဘာကိုဗဟိုပြုပြီးလည်ပတ်နေတာလေ သူမကဘာမှမဟုတ်တဲ့ဒီအတိုင်းဖြတ်လျှောက်လေးသာသာပဲ

သူမမှာ ချစ်ခွင့်ဆိုတာမရှိဘူး

"နင်ဘာတွေကြောက်နေတာလဲ မြတ်ကလေး "

"ငါလား?"

အားလုံးကိုကြောက်တယ် အခုရရှိနေတဲ့အချစ်တွေမရတော့မှာကိုကြောက်တယ်

ငါနင့်ကိုပြန်ချစ်လိုက်ရင် ငါသေရမှာကိုလဲကြောက်တယ် ဒါမှမဟုတ် ငါမသေပဲ ဒီကမ္ဘာတခုခုဖြစ်သွားမှာ ချစ်တဲ့သူတွေပျောက်ကွယ်သွားမှာကိုလဲတကယ်ကြောက်တယ် ငါကို စွမ်းအားအကြီးကြီးနဲ့ဖိနှိပ်ခံထားရသလိုမျိုးခံစားရတယ် ငါက တစုံတစ်ယောက်ရဲ့လက်ခုပ်ထဲက ပုရွက်ဆိတ်လေးပဲ အချိန်မရွေးဖိညစ်သတ်လိုက်တာနဲ့ သေသွားမှာ

မြတ်ပန်းဝေ သူ့ကိုအနီးကပ်ကြည့်နေမိတယ်

ဖြူဖွေးတဲ့‌ငွေရောင်ဆံပင်တွေက လေမှာယိမ်းနွဲ့လို့ ကောင်းကင်ကတိမ်တွေနဲ့တူပြီးလှပလွန်းတယ်   အပြာရောင်မျက်ဆံတွေ‌ကတော့ ပင်လယ်ပြာလိုပဲ လျို့ဝှက်ကာနက်နဲလွန်းလေတယ်  ကြောက်စေတဲ့ခံစားမူ့ကိုပေးစွမး်သလို တပြိုင်ထဲမှာပဲ သိချင်ချစ်ချင်စိတ်ကိုလဲတိုးပွားစေတယ်

ဒီအဖိုးတန်လူသားလေးက သူမအပိုင်ဘယ်တော့မှဖြစ်မလာတော့ဘူးဆိုတာ အားလုံးထက်သူမပိုသိတယ် ဒါကြောင့်ပဲ သူမ  သူ့အနားကို ဒီထက်ပိုမကပ်ရဲခဲ့တာပေါ့

"ဟေ့ မင်းတို့က ဒီရောက်နေတာကိုး ငါကတော့လိုက်ရှာလိုက်ရတာ"

မင်း‌ဧကရာဇ် ရေစိုစိုနဲ့တက်လာပြီး သူမတို့နှစ်ယောက်ကိုအတင်းခွဲကာ ကြားထဲလာဝင်ထိုင်တယ်

သူ့ကိုယ်ကရေတွေစိုမှာစိုးတာနဲ့ပဲ မြတ်ပန်းဝေက ဝေးဝေးကိုပြေးတော့တယ်

"မြတ်မြတ် နင့်ကိုလူတစ်ယောက်လာရှာတယ် "

"ဟုတ်လား"

"အေး ဟိုးအောက်ကားနားမှာစောင့်နေတယ် "

မြတ်ပန်းဝေက ဘယ်သူလဲလို့တွေးရင်းကျောက်ဆောင်တွေပေါ်ကနေ လွယ်လွယ်ကူကူပဲခုန်ဆင်းသွားတယ်

ရေတံခွန်ကကျလာတဲ့ရေတွေစီးဆင်းရာရေချောင်းတစ်လျောက်ဆင်းလာရင်း သူမအဖွဲ့ထဲကနေ ခွဲထွက်သွားမှန်းမသိ ခွဲထွက်သွားခဲ့တော့တယ်

သူမကားနားရောက်တော့ သူမတို့လာခဲ့တဲ့ကားတွေအပြင် နောက်တစီးပါထပ်ရောက်နေပြီး ယောကျာ်းသား‌ငါးယောက်လောက်ကလဲ ဝိုင်းဖွဲ့ကာစကားပြောနေကြလေတယ်

ဒါပေမဲ့ အဲ့လူတွေကိုသူမလုံးဝမသိဘူး မြတ်ပန်းဝေက သူတို့အနီးကပ်သွားလိုက်ကာ

"ရှင်တို့က ဘယ်သူတွေလဲ"

"မင်းကမြတ်ပန်းဝေလား"

"ဟုတ်တယ် "

သူမက ဟုတ်တယ်လို့ပြောတာနဲ့ အဲ့လူတွေက မျက်စမျက်နတွေပစ်ကာ သူမကိုလာရှုပ်ကြတော့တယ်

"ရှင်တို့ဘာလုပ်တာလဲ"

"ဆောရီးပါမိန်းကလေး မင်းကိုဖမ်းဖို့ ငါတို့အဖွဲ့ကိုငွေအများကြီးပေးငှားတဲ့သူရှိတယ် အသာတကြည်လိုက်ပေးရင် မင်းကိုနာ‌ကျင်အောင်မလုပ်ဘူးလို့ဂတိပေးတယ် "

"ဘယ်သူလဲအဲ့လူက"

"အဲ့ဒါကပြောလို့မရလို့ပါ အလုပ်စည်းကမ်းလေသိတယ်မလား"

‌ယောကျား်သားအားလုံးက အရင်တခေါက်ကလို စုတ်ပြတ်မနေပဲ စကားလဲယဉ်ကျေးတယ် ဒါပေမဲ့လဲ ပြန်ပေးကတော့ပြန်ပေးပဲလေ သူမကိုပြန်ပေးဆွဲဖို့ခေါ်သွားမှာဆိုတော့ လူကောင်းဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးပေါ့

ဒီအနားမှာကလဲ တောင်ခြေဆိုတော့ ချုံတွေမြက်တွေတောတွေချည်းပဲ ရွာတော့ရှိပါရဲ့ နေ့လည်ဘက်ကိုယ်စီလယ်ယာသွားကြတာမို့အအိုတွေနဲ့ကလေးတွေပဲကျန်တာ အားကိုးရမှာမဟုတ်ဘူး

ရင်းနှီးတဲ့ကြောက်ရွံ့ခြင်းကို သူမထပ်ခံစားလိုက်ရပြန်တယ်

သူမ ဘာထပ်မှားပြန်ပြီလဲ အရင်တခါက sky ကိုချစ်မိတော့ သူမ ပြန်ပေးဆွဲခံရပြီးရောင်းစားခံရတော့မလိုဖြစ်သွားတယ်

အခု သူတို့နားသူမပြန်ရောက်လာတာနဲ့ အန္တရာယ်ထပ်ကြုံရပြန်တယ်

ကြည့်ရတာ ဒီကမ္ဘာရဲ့ကလောင်ရှင်က သူမကိုဖယ်ထုတ်ဖို့ကြိုးစားပြန်ပြီထင်ပါရဲ့

.........🎵🎶🥕🌿🥕🌿🎵🌿🥕🌿🥕🥕🌿🥕🌿🥕🌿🥕🌿🥕🌿🥕🌿🥕🌿

Alinkar nang 🌿🌿

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWaar verhalen tot leven komen. Ontdek het nu