အပိုင်း (61) ZU

Beginne am Anfang
                                    

လက်ထောက်လေးမှာ အချိုသားဆုံးလေးပြုံးရင်း....

"ငါလေးကိုရော ကြိုက်မယ့်သူမရှိဘူးလား...ကွယ်"

~~~~~~~~~♥♥♥♥♥~~~~~~~~~~

Lord က ခွန်း ကို ရင်ခွင်ထဲ ထည့်ကာ...

ရုပ်ရှင်ကား ကြည့်နေသည်။

ဘာကားမှန်း မသိပေမယ့်....​..သူ့ပေါက်စရဲ့ ဘေးမှာ နေချင်လို့ အတူကြည့်သည်။

ရုပ်ရှင်ထဲမှာ ပေါ့...မင်းသားက ဇွန်ဘီး အကိုက်ခံရပြီး...သူ့သမီးကို နှုတ်ဆက်ကာ ရထားပေါ်ကနေ ဆင်းသွားတယ့်အခန်းပေါ့

"Zombie ကား.....ဒါတွေလဲ ကြည့်တာလား..."

"အဟင့်....ဟင့်...."

ငိုပြန်ပြီ....Lord က သူ့လက်လေးဖြင့်သုတ်ပေးသည်။

ငိုစရာမပါပေမယ်ပေါ့...

"မငိုပါနဲ့.... ကိုယ်အဲ့ဒါရိုက်တာကို
သတ်ပေးရမလား."

"ဘာ..တွေ...ပြော..အဟီး...နေ..တာ..လဲ..ဟင့်."

တစ်လုံးချင်းစီ ပြောနေသည်။

Lord က ခေါင်းတခါခါဖြင့် စဥ်းစားမိလိုက်သည်။
"ဒီကလေး.....ပိုပိုငယ်လာသလိုပဲ"

Lord ရဲ့ လက်ထောက်က Lord ဆီကို ရောက်လာသည်။

"Lord... ကား အဆင်သင့်ဖြစ်နေပါပြီ"

Lord က ခွန်းကို ကြည့်ကာဖြင့်.....

"ခွန်း ကမ်းခြေသွားမလား....."

"အင်း....သွားမယ်..."

ခွန်း က ချက်ချင်း ထလိုက်သည်။ ခုနက ငိုနေတာ က မျက်ရည် တွေ ဘယ်ရောက်သွားမှန်းကိုမသိဘူး..

"အဝတ်စားမလဲတော့ဘူးလား..."

"လိုလို့လား....Lord...."

"မလိုပါဘူး...ကိုယ် အချစ်က ဘယ်ချိန်ကြည့်ကြည့်လှနေတာ..."

Lord ရဲ့ လက်ကို ကိုင်ကာ....ကားကို မြင်တော့ ခွန်း အ သွားသည်။

"OH MY GOD..."

အနက်ရောင်ကိုမှ တောက်ပြောင်နေတာပဲ အရမ်းမိုက်တယ်.... ပြိုင်ကားလား...ခွန်းနားမလည်ဘူး
ဒါပေမယ့် မိုက်တယ်....

"Lord ကား...လား..."

"ဟုတ်တယ် လေ..."

"မိုက်လိုက်တာ.... "

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Wo Geschichten leben. Entdecke jetzt