ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၈၁

Start from the beginning
                                    

''လွမ်းနေတာဆို''

''အင်းလေ ကို်ယ်လွမ်းနေလို့ စိတ်ကြိုက်နမ်းလိုက်တာ မင်းက နာနေရင် တားလိုက်ရောပေါ့''

သူက မျက်နှာချင်းဆိုင်ကနေပီးတော့ ရှေ့ဘက်ကို လှည့်သွားပီး ပြုံးကာ

''ကျွန်တော်လည်း လွမ်းနေတာ''

''တကယ်''

''အင်း''

''ပျော်လိုက်တာ ဒါဆို ခဏနားတာပေါ့ ပြီးမှ ပြန်​...''

''အာ p'...''

''ဟင်​း ဟင်​း စတာပါ''

kit//
သူက နားမယ်ဆိုတော့ ပီးရင် ထပ်နမ်းမယ်ဆိုတဲ့  ပုံစံပေါက်နေတော့ ကျွန်တော်လည်း မျက်မှောင်လေးကျုံ့လိုက်မိသည်။ ဒါကို သူက ကျွန်တော် ခေါင်းလေးကို လှမ်းကိုင်ပီးပြောသည်။ ကျွန်တော်လည်း နေရာမှ ထလိုက်ကာ သူ့ကိုလှည့်ပီးတော့

''p' ဗိုက်ဆာပီလား ကျွန်တော် ဟင်းနွှေးလိုက်ဦးမယ်''

သူက ကျွန်တော့်ကို မော့ကြည့်လိုက်ပီး

''ကိုယ် စားပီးပီလေ''

''ဘာလဲ''

ကျွန်တော်ပြုံးလိုက်ပီးမေးလိုက်သည်။ အမှန်တော့ သူဘာပြောလဲဆိုတာကို ကျွန်တော်သိသည်။ ကျွန်တော့်နှုတ်ခမ်းတွေကို မိန်ရေရှက်ရေ သုံးဆောင်ပီးတာကို ပြောနေခြင်းဖြစ်သည်။ သူကမဖြေပဲ ပြုံးပီးကြည့်နေတော့ ကျွန်တော်လည်း သူ့မျက်နှာကို လက်ဝါးနဲ့အုပ်လိုက်ပီး အနောက်သို့ ခေါင်းကိုတွန်းလိုက်​တော့ သူ့မျက်နှာလေးမော့သွားသည်။

''ဟင်း ဟင်း''

သူက ရယ်ပီးကျန်ခဲ့သည်။ ကျွန်တော်လည်း အနောက်ခန်းထဲကို ဝင်လာခဲ့သည်။ ပီးတော့ mom ချက်ပေးခဲ့တဲ့ ဟင်းတွေကို နွှေးဖို့ ဟင်းတွေကို ဖွင့်ကြည့်လိုက်သည်။ ပီးတော့ မီးဖိုဖွင့်ကာ ကြက်ဆီပြန်ဟင်းအိုးကို တင်လိုက်သည်။ သူက အနောက်က​နေရောက်လာပီး

''ကိုယ် ဘာလုပ်ပေးရမလဲ''

''ရပါတယ် darling ရယ် ဒါကျွန်တော် လုပ်ရမဲ့ အလုပ်ပါ''

''အမ်း ဘာဖြစ်တယ် မင်းလုပ်ရမှာ ဒါဆို ကိုယ့်ကို တစ်သက်လုံးလုပ်ပေးမှာလား''

''အွန်း ဘယ်သူက လုပ်ပေးမယ်ပြောလို့လဲ ''

''မင်းပဲ လုပ်ရမဲ့ အလုပ်ဆို''

''အမ်း ဒါ ကျွန်တော့်အိမ်လေ ကျွန်တော် လုပ်ပေးရမှာပေါ့''

''အာ ကိုယ် တွေးတာများသွားတယ်''

''ဟင်း ဟင်း''

ကျွန်တော်က ရယ်လိုက်ပီး ဟင်းအိုးမဆူသေး၍ ပန်းကန်စင်ကအုပ်အဖုံးလေးကို ဖွင့်ပီး ပနး်ကန်ပြားလေးချပ်နဲ့ ပန်းကန်လုံး နှစ်လုံးယူလိုက်သည်။ ပီးတော့ ဆေးရန်
ဘေစင်ပေါ်တင်လိုက်တော့ သူက ဘေးနားလာရပ်ပီး

''ပေး ကိုယ်ဆေးလိုက်မယ်''

''မလုပ်ပါနဲ့ အားနာစရာ ကျွန်တော် လုပ်ပါ့မယ်''

sing//
ကျွန်တော် သူ့ကိုယ်လေးကို ဆွဲလှည့်လိုက်ပီး မီးဖိုဘက်ကို တွန်းပေးလိုက်ရင်​း

''ဟင်းအိုးကို ကြည့်လိုက်ပါ ကိုယ်ဆေးမယ်''

''ဟုတ် ဟုတ် darling သဘော ဟင်း ဟင်း''

''ဟင်း ဟင်း''

သူ့အပြောကြောင့် ကျွန်တော်တို့နှစ်ယောက်ရယ်လိုက်ကြသည်။ ပီးတော့ ကျွန်တော် ပန်းကန်တွေကို ဆပ်ပြာနဲ့ သုတ်ဆေးပီး ရေဆေးနေရင်း ကျွန်တော်က

''ချစ် ''

''ဟင်''

သူက ဟင်းအိုးမွှေးနေရင်းထူးသည်။ ကျွန်တော်က လှည့်ကြည့်လိုက်ပီး

''ကိုယ်တို့ ဒီလိုနေရရင် ကောင်းမယ်နော်''

''နေချင်ရင်လာနေလေ ကျွန်တော်တို့အိမ်က မတိုတတ်ပါဘူး''

''ဟုတ်ပါတယ် ကိုယ်က ကိုယ်တို့နှစ်ယောက် ဒီလိုလေး အမြဲတမ်းအတူတူ နေချင်တာကိုပြောတာ''

''အော်''

ကျွန်တော် ဆေးပီးသား ပန်းကန်တွေကို စားပွဲပေါ်တင်ပီး သူ့နားကိုလျှောက်သွားလိုက်သည်။ သူက ဟင်းအိုးကိုချပီး ဟင်းသီးဟင်းရွက်အစိမ်းကြော်ထားတဲ့ အိုးကို မီးဖိုပေါ်တင်လိုက်သည်။ ကျွန်တော်က သူလုပ်တာလေးကို ကြည့်ပီး

''ကိုယ်တို့ ယူလိုက်ရင် အတူတူနေရမှာ နော်''

''အွန်း ပြောတော့ ငယ်သေးတယ်တဲ့ အခု ယူဖို့အထိ စဉ်းစားနေတယ်''

''ဟင်း ဟင်း ကိုယ်ကချစ်တာကို နေချင်တာပေါ့''

''အွန်း တတ်လည်း တတ်နိုင်တယ်''

Next

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now