အပိုင်း(55) ZU

Start from the beginning
                                    

"ဟုတ်ကဲ့...Lord...."

Lord က ကားပေါ်တတ်တာနှင့် ကားကလည်း
အရှိန်ဖြင့်မောင်းတော့သည်။

Lord က လင်းသုတ ကို ခေါ်သည့်အကြောင်းရင်းက
ခွန်း တစ်ခုခုဖြစ်ခဲ့ရင် ဆေးကုပေးလို့ရအောင်...လောလောဆယ် ရဲတိုက်က ဘယ်သူ့ကိုမှမယုံသလို...သူလာမယ့်အကြောင်းကို ရဲတိုက်ကိုသတင်းမပို့ထားဘူး...သူလာမှာကိုရဲတိုက်ကသူတစ်ယောက်မှ မသိစေရဘူး....

"Lord.....ဖြူစင်နွယ် စီကနေ ဖုန်းဝင်ပါတယ်"

"သူ ဘာပြောလဲ "

"မမလေးက ပျောက်နေပါတယ်တယ့်....."

ဇာတ်ရည်အားလုံးကို ပြောပြနေသည်။

Lord က အကုန် နားထောင်ပြီးနောက်....

"ငါ့ကို ပြဇာတ်လာက ပြနေတယ်ပေါ့...."

"Lord...အဲ့ဒါက ဘယ်သူ့လက်ချက်လို့ထင်လဲ"

"အဲ့ရောက်မှ တွေ့တာပေါ့..."

Lord က ရဲတိုက်ကိုရောက်တာနဲ့ အရှေ့က ကိုယ်ရံတော်ကားသုံးစီး....အနောက်က သုံးစီး...ဖြင့်

လမ်းတွေကလဲ Lord လာမည့်အသံကြားတာနဲ့ အကုန်လုံး ရှင်းပြီးသားပင်။

Lord က အရှိန်ဖြင့်လာနေပြီ။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ဆေးတွေထိုးပေးထားတော့ ခွန်းလဲ သေချာသတိဝင်လာသည်။

ခဏ အလိုလို အိပ်ပျော်သွားပြီး ပြန်နိုးလာခဲ့သည်။

မိုးလက်ထောက် က ချက်ချင်း သတင်းပို့သည်။

တစ်ရက်တောင် အနားမပေးနိုင်ပါဘူး...မိုးက ကြားကြားချင်း အခန်းထဲကို ဝင်လာသည်။

"နောက်ဆုံးတော့ နိုးလာပြီပေါ့...."

"........."

"ငါနင့်မျက်ရည်တွေ....အသံတွေကို လွမ်းနေတာ.."

"ရိုက်ကြစမ်း...."

မိုးရဲ့ လက်ထောက်တွေက စရိုက်တော့သည်။

"......."

အံကြိတ်ထားသည့် ခွန်း...မျက်ရည်တွေလဲ
နာပြီးစက်လွန်းလို့ ကျလာသည်။

အနာတွေဟာ အသစ်တွေပြန်ဖြစ်ကာ...သွေးတွေဟာ အဖြူရောင်အဝတ်လေးမှ လွှမ်းနေလေပြီ။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now