"ကျေးဇူးပဲ....."

တစ်ဖက်မှာလဲ Lord က ဆွေးနွေးပွဲမှာဆိုတော့ သူ့လက်ထောက်ကို ဖုန်းခေါ်ကာ ရဲတိုက်က ပြသာနာတွေကိုပြောပြခဲ့သည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

Lord က ကျည်ကာ မဝတ်ထားပါဘူး....
ဒါပေမယ့် သူ့အင်္ကျီ ကိုက ကျည်ကာပါ...
အဆင့်မြင့်နည်းပညာနဲ့ထုတ်ထားတာလေ...

အပြင်က ရန်သူရဲ့အစောင့်တွေအကုန်လုံးလဲ
သေသွားပြီ

။သူအားလုံးအစီစဥ်ချထားသည့်အတိုင်းကွက်တိပဲ....

Lord လှဲချလိုက်တယ့် အကြောင်းရင်း က သူ့ Sniper ပစ်လို့ရအောင်ဖြစ်သလို သူကိုယ်တိုင်လဲ
အကာကွယ်ယူတာပါ။

Lord က ထလာကာ သူ့ကိုယ်သူ
ဖုန်လေးဘာလေး
ခါနေချိန် Lord လက်ထောက်ကလဲ ဝင်လာသည်။

ပြီးတော့... သူ့ကိုကြည့်ကာ..

"Lord...က...မင်းသား...လုပ်ရမှာ..."

"......."

Lord က သူ့လက်ထောက်ကို
မျက်စောင်းဖြင့်ကြည့်ကာ...

"မင်းကော...ငါ့မိန်းမ လုပ်မလို့လား...
ငါ့ဘေးတစ်ချိန်လုံးလိုက်ကပ်နေတာ..."

"မလုပ်ပါဘူး...."
Lordလက်ထောက်က ခေါင်းပြုတ်မတတ်ခါ
ပြသည်။

"လီးစကား....လာလာပြောတယ်...ငါပြန်ဖို့
လုပ်ထား..."

"ဟုတ်ကဲ့....Lord.."

Lord က သူ့ကိစ္စ တွေ စစ်တပ်ရေးရာ ဝန်ကြီးချုပ်ဆီကိုအပ်ထားခဲ့သည်။

"Lord ဘာမှ စိတ်မပူပါနဲ့... ကျွန်တော် ဆက်လုပ်ထားနိုင်ပါတယ်"

"ကောင်းပါပြီ... "

"ဒါနဲ့...ဟိုဆရာဝန်ကောင်...ဖုန်းနိပါတ် ပေးပါလား"

"လင်းသုတ...ဖုန်းနိပါတ်...ကို​ပြောတာလား.."

"အဲ့တစ်ယောက်ပဲရှိတာလေ"
Lord လက်ထောက်က မှတ်လိုက်သည်။

Lord က သုတဆီ ဖုန်းခေါ်သည်။

"ဆရာဝန်ကောင်...ငါ Lord..."

"Lord...."

".ငါအခု ရဲတိုက်
ပြန်လာနေပြီ....မင်းကော လာမလား.."

"ကျွန်တော်အခုလာခဲ့မယ်...Lord."

"အခုမလာနဲ့ နောက် သုံးနာရီဆိုငါရောက်ပြီ....
မင်းနောက်သုံးနာရီလောက်ဆိုထွက်ခဲ့တော့..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now