အပိုင်း (54) ZU

Start from the beginning
                                    

"အ့...Fuck...ငါဘယ်လိုလုပ်ရမလဲ... "

"ဒီနေ့တစ်ရက် ဆေးထိုးပေးပြီး အနားပေးလိုက်ပါ....သခင်မ...."

"အား........"

မိုး က ကြာပွတ်ကို ကိုင်ကာ ဒေါသထွက်လွန်း လို့ အားကုန်လွှဲကာ ရိုက်တော့သည်။

ခွန်း သည်းခံထားရသည်။ မျက်ခွံတောင်
မလှုပ်....သည်းခံထားသည်။

"ကောင်းပြီ......မနက်ဖြန် သူနိုးနေတာကို မြင်ချင်တယ်"

"ဟုတ်ကဲ့...သခင်မ"
မိုး က ထွက်သွား တော့သည်။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

နှင်းစက်နဲ့ ဖြူစင်နွယ် က ဆက်သည်းမခံနိုင်တော့ဘူး....ငါတို့ ဒီအတိုင်းဆက်နေလို့ လုံးဝမဖြစ်ဘူး...

ဒီအခန်းထဲကနေ ရတယ့်နည်းနဲ့ ဖုန်းကို ယူရမယ်...

သူတို့နှစ်ယောက် အစီစဥ်ဆွဲကာ.......

နှင်းစက်က ဆံပင်တွေ ရှုပ်ပွအောင်လုပ်သည်။

အခန်း တံခါး ကို ဖွင့်လိုက်သည့် နှင်းစက်...

အပြင်မှာ အစောင့်နှစ်ယောက် ရှိနေသည်။

"အဟင့်.....ဟင့်....ဟင့်....."

အစောင့်က သူမကိုကြည့်ကာ....

"ဘာဖြစ်တာလဲ "

"ရန်ဖြစ်တာ...

နောက်တစ်ယောက်ကြည့်တော့လဲ ဆံပင်ဆုပ်ဖွား
ဖြင့် ရန်ဖြစ်ထားကြတာကို....

"အဲ့တော့....ဘာလုပ်ပေးရမလဲ....."

"အဲ့တာ...ရေချိုးမလို့....တစ်ကိုယ်လုံးပွနေပြီလေ"

"အင်း...."

"အနောက်က ဇစ်လေးဖြုတ်ပေးပါလား...
ဟိုကောင်မ ဖြုတ်ပေးတာ...မလိုချင်လို့...."

"........"

ဖြုတ်ပေး ဖို့ ကိုင်လိုက်ပေမယ့်....

"ဟေး....အပြင်မှာ သူများတွေမြင်ရင်
တစ်ခုခုထင်သွားမယ်..."

အစောင့် တစ်ယောက်က အထဲကို လိုက်သွားသည်။

ဇစ်ကို ဖြုတ်ပေးနေစဥ်......

"အဲ့ထဲက ချိတ်လေးကိုပါဖြုတ်ပေး..."

ဘယ်ယောက်ျားကများ ဒါမျိုး သည်းခံနိုင်မှာလဲ...
နှင်းစက်က အရှေ့ကို လှည့်ပြီး ကျေးဇူးတင်ကြောင်း ပြောနေတုန်း ဖြူစင်နွယ် က တွန်းကာ ရန်ဖြစ်တော့သည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now