အပိုင်း (54) ZU

Start from the beginning
                                    

ဒါပေမယ့် အခြေနေက ဘာမှန်းမသိသေးဘူး...
ဇွက်အတင်းဝင်ရင် အကုန်ရှုပ်သွားလိမ့်မယ်...

ဒါကြောင့်ဘယ်ကိစ္စမဆို အလျင်မလုပ်သင့်ဘူး....သေချာစဥ်းစားပြီး လုပ်သင့်တယ်...

သူရဲ့ ဇွက်အတင်း လုပ်မှုက....ခွန်း အပေါ်လဲ
ပိုထိရောက်လိမ့်မယ်....

ဘာလို့ဆို ဒါက ရဲတိုက်အတွင်းကိုက လိမ်နေတာဆိုတော့....ရဲတိုက်ထဲကလူတစ်ယောက်က သစ္စာဖောက်နေတာ....

သူကိုယ်တိုင် ရောက်မှ ဖြစ်မည်။

အဲ့တော့ ငါကလဲ Suprise ပြန်လုပ်ရမှာပေါ့...

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ခွန်း က ဒဏ်ရာတွေနဲ့ တစ်ရက်ကုန်ဆုံးသွားပြန်ပြီ...

တစ်ကိုယ်လုံးနုံချာနေပြီ....ဆံပင်တွေ အဆွဲခံထားရတယ်....မျက်နှာကို တော့ ဘာမှမလုပ်သေးဘူး..

ဒီနေ့ သူမ မျက်နှာကို ဒုက္ခပေးတော့မယ်လို့ခံစားနေရတယ်...

သူဘာလုပ်မလဲ မခံစားနိုင်ဘူး...သေရင်တောင်
ဒီလိုမသေချင်ဘူး....

"Lord......ဘယ်မှာလဲ..... "

ခွန်း တွေးနေချိန်မှာ.....သူက ငါခံစားနေရတာကို
မြင်ချင်တာ မျက်ရည်ကျတာမျိုး....

ငါ သတိမေ့ချင်ယောင်ဆောင်လိုက်ရင်ရော....

တော်တော်တော့ သည်းခံရမယ်.....ခေါင်းကိုစိုက်ပြီး မျက်လုံးမှိတ် အသက်ရှူရပ်ရမယ်...
သိပ်မကြာပါဘူး.......ရောက်လာသည်။

ခွန်း ခေါင်းစိုက်လိုက်သည်။

မိုး က သူမကို နိုးဖို့ သူ့လက်ထောက်တွေကို အမိန့်ပေးသည်။
ရေဗုံးတွေနဲ့ လောင်းချလိုက်ပေမယ့်....မနိုးလာပေ။

"ဒါ...ဘာဖြစ်တာလဲ.... "

"မသိပါဘူး....သခင်မ.... "

မျက်နှာကို မော့လိုက်....မျက်နှာပေါ် ရေလောင်းချလိုက်....

"မတုံ့ပြန်ပါဘူး....သခင်မ...."

"Fuck.....ငါသူ့ကို နှိပ်စက်ချင်တာ သူနိုးလာမှ ဖြစ်မယ်..အသက်ရှူနှုန်း....ကြည့်....နှလုံးကော ခုန်ရဲ့လား.."

"အသက်ရှူသံက အရမ်းကို နှေးပါတယ်...နှလုံးခုန်သံကလဲ...ပုံမှန်မဟုတ်ပါဘူး...သခင်မ...."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now