အခန်း ၅၀

588 106 1
                                    

Heavenly Wife

Unicode

အခန်း ၅၀ : ဝမ်းကွဲညီပန်ဟွာ

မော့ထင်က ယန်လျှိုအခုချိန် ဘယ်မှာရှိနေလဲဆိုတာကို တိကျစွာ တွက်ချက်နိုင်ပြီး သူနှင့်ဖုန်းယန်တို့ မရှိချိန်တွင် ယန်လျှိုစီစဥ်ထားသည့် အရာအားလုံးကိုလည်း သဘာဝအတိုင်း တွက်ချက်နိုင်သည်။ သို့သော် မော့ထင် သူနဲ့လူချင်းတွေ့တော့မယ့်အချိန်က အမှတ်မထင်ဖြစ်သွားခဲ့သည်။

ထို့ကြောင့် ပင်လယ်နဂါးလေးကောင်နန်းတော် ရေပူစမ်းတွင် ယန်လျှိုအား ဝတ်စုံပြည့်နှင့် သားရေဖိနပ်များ ဝတ်ဆင်ကာ သူ့ရုံးခန်းထဲတွင် ရုံးရှိလူများကို ညွှန်ကြားချက်ပေးနေသည်ကို တွေ့လိုက်ရတော့ မော့ထင် ရှုပ်ထွေးသွားခဲ့သည်။ ဒီကလေးကတော့ ဇာတ်ကောင်ထဲကို တော်တော်လေးပျော်ဝင်နေတာပဲ။

ယန်လျှိုက မော့ထင်၏ ဝိညာဉ်ခန္ဓာကိုယ်ကို မြင်လိုက်ရာ ရှုပ်ထွေးသွားသော်လည်း သူ့မျက်လုံးများတွင် အံ့သြမှုတစ်ခုဖြင့် ပြည့်သွားပြီး ထိတ်လန့်သွားခဲ့သည်။

သခင်က မြေကြီးပေါ်သို့ ဆင်းသက်တော်မူလာပြီ!

အခြားသူများက မော့ထင်နှင့်ဖုန်းယန်တို့၏ ဝိညာဉ်ခန္ဓာများကို မမြင်နိုင်သော်လည်း ယန်လျှိုက မြင်နိုင်သည်။ မော့ထင်က အပေါ်ထပ်ကို ညွှန်ပြနေတာကို မြင်တဲ့အခါ သူ့သခင်က သူ့ကို အပေါ်ထပ်သို့ တက်လာစေလိုကြောင်း သူ သိလိုက်သည်။ ထို့ကြောင့် လက်ထောက်နှင့် ကြီးကြပ်ရေးမှူးတို့နှစ်ဦးကို ထွက်သွားခိုင်းပြီး ဧည့်ခန်းထဲသို့ အမြန်သွားခဲ့သည်။

ဧည့်ခန်းထဲတွင် လောလောဆယ် အနည်းငယ်ရှုပ်ပွနေသည်။ အဝါရောင် လက်လုပ်ကော်ဇောပေါ်တွင် ရှုပ်ပွနေသည့် အဝတ်အစားများ၊ သိပ်မကြီးသည့် အဖြူရောင်ကင်းဗတ်ဖိနပ်နှစ်ရံ၊ ကော်ဖီစားပွဲပေါ်ရှိ အားသွင်းထားသော notebook၊ လုပ်ငန်းတစ်ခုအတွက် ဈေးကွက်ခွဲခြမ်းစိတ်ဖြာမှုဒေတာပါရှိသော မှတ်စုအထပ်လိုက်ကြီးများနှင့် notebookဘေးမှ အာလူးကြော်ထုပ်များ၊ အဖုံးဖွင့်ထားတဲ့cokeဘူးများ စသည်ဖြင့်...

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now