အခန်း ၂၁

1K 216 10
                                    

Heavenly Wife

Unicode

အခန်း ၂၁ : အနီရောင်အရည်

ဖုန်းယန် ရောက်ရှိလာချိန်တွင် မင်းယန်ပန်းခြံ၌ လမ်းမီးများ ထွန်းညှိထားပြီးဖြစ်သည်။ သူရောက်ရောက်ချင်း မြင်လိုက်ရတာကတော့ ပန်ယွိက ပင့်ကူမျှင်များဖုံးလွှမ်းနေသည့် သစ်ကိုင်းတစ်ကိုင်းကို လက်ထဲတွင် ကိုင်ထားတာဖြစ်သည်။ ၎င်းသည် ဖုန်းယန်ကို မသေမျိုးကမ္ဘာတွင်ရှိနေချိန်၌ သေမျိုးကမ္ဘာတွင် ဖြစ်ပျက်နေသည့်အရာများကို စူးစမ်းလေ့လာခဲ့ချိန်အား သတိရသွားစေသည်။ ပုစဥ်းဖမ်းနေကြသည့် ကျေးလက်ဒေသအချို့က ကလေးတွေကို တွေ့ဖူးတာ မှတ်မိသည်။ သူတို့က ပင့်ကူမျှင်များနှင့် ပြည့်နေသည့် ခိုင်ခံ့တဲ့ အကိုင်းအခက်ကို ရှာဖွေကာ စေးကပ်သည့်ပင့်ကူမျှင်တွေကို အသုံးပြု၍ အကိုင်းအခက်များနှင့် အရွက်များပေါ်တွင် ခိုနားနေကြသည့် ပုစဥ်းတွေကို လျင်မြန်စွာ ဖမ်းယူနိုင်ကြသည်။

ရင်းနှီးသည့်ပုံရိပ်ကိုမြင်တဲ့အခါ ပန်ယွိက သစ်ပင်တွေနောက်မှ ထွက်လာခဲ့သည်။ 

"ယန်ယန် မင်းအလုပ်ပြီးပြီလား"

ဖုန်းယန်က ပန်ယွိကို ဒေါသတကြီးတွေ မပြောချင်တာကြောင့် မြန်မြန် ပြန်ဖြေလိုက်သည်။

 "သွားရအောင်။ ငါမင်းကိုပြန်ခေါ်သွားပေးမယ်။"

ပန်ယွိက ထိုပင့်ကူဝိညာဉ်ဟောင်းတွေကို မစွန့်လွှတ်နိုင်တာကြောင့် ငြင်းဆန်ချင်ခဲ့ပြီး သူမထွက်သွားခင် ပန်းခြံအတွင်းရှိ ပင့်ကူမျှင်အားလုံးကို လုံးဝဖျက်ဆီးချင်ခဲ့သည်။ ဒါပေမယ့် ဖုန်းယန်က သူ့ကို အိမ်ပြန်ပို့ချင်တယ်လို့ ကြားတာနဲ့ သဘောတူဖို့ တစ်စက္ကန့်သာ ကြာသည်။ 

မူလက ဖုန်းယန်ကို သူ့အိမ်သို့လာရန် ဘယ်လို ဆွဲဆောင်ရမလဲလို့ တွေးနေခဲ့သည်။ အဲ့တော့ ဒါက အခွင့်အရေးပဲ! သူ့မှာ ဖုန်းယန်ကို ထိန်းသိမ်းဖို့ နည်းလမ်းတစ်ခုရှိတာကြောင့် ဖုန်းယန် သူ့အိမ်ထဲကို ဝင်လာသရွေ့ အဆင်ပြေပါတယ်။ 

ပန်ယွိ၏သဘောတူညီချက်ကို ရရှိပြီးနောက် ဖုန်းယန်က လှည့်ကြည့်ပြီး ပြောလိုက်သည်။ 

ကောင်းကင်ဘုံချစ်ဇနီးDär berättelser lever. Upptäck nu