အခန်း ၄.၁

1.4K 223 7
                                    

Heavenly Wife

Unicode

အခန်း ၄.၁: ဘယ်သူကဘော့စ်လဲ

ချီဇယ်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် စောင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူက ဟန်ချက်ပြန်ထိန်းပြီးနောက် ထရပ်ကာ ဘာမှစဥ်းစားမနေဘဲ အော်လိုက်သည်။

 "ဖုန်းယန် နင့်မေလခွမ်း! အသက်ရှင်ရတာ ပျင်းနေပြီလား! မင်းက ဘယ်သူ့ထိုင်ခုံကို ကန်လိုက်မိတယ်လို့ ထင်နေတာလဲ" 

ချီဇယ်သာမက အတန်းထဲက ကျောင်းသားအားလုံး အံ့သြသွားကြသည်: ဖုန်းယန်က ဒီလောက် သတ္တိရှိလိမ့်မည်ကို သူတို့ ဘယ်တုန်းကမှ စိတ်မကူးကြဖူးပေ။ ဒီအခြေအနေက တကယ်ဖြစ်လာတယ် ဆိုရင်တောင်မှ သူတို့ရဲ့နေရာကို ​ချိန်းလိုက်မှ ပိုသာမန်ဖြစ်မှာ မဟုတ်ဘူးလား။ ချီဇယ်က ဖုန်းယန်ကို ကန်ပြီး ဖုန်းယန်က အကန်ခံရသူဖြစ်ရမှာပင်။  

ချီဇယ်မှာ ဘယ်လိုအဆက်အသွယ်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ မသိပေမယ့် သူ့ရဲ့ ခက်ထန်တဲ့ သဘောထားနဲ့ ညံ့ဖျင်းတဲ့ အဆင့်တွေ ရှိနေတာတောင် ကျောင်းဆက်တက်နေဆဲဖြစ်နေတာက သူက ကျောင်းဒါရိုက်တာရဲ့ ဆွေမျိုးတစ်ဦး သို့မဟုတ် အင်အားကြီးသည့် မိသားစုမှ ဆင်းသက်လာတာ ဖြစ်ရမည်။

အတန်းဖော်အားလုံးက တွေးလိုက်ကြသည်: 'ဒါဆို ဖုန်းယန်က ဦးနှောက်ပျက်သွားတာများလား' 

သူ့ထက် ပိုရှက်ကြောက်တတ်တဲ့ အတန်းဖော်တွေနဲ့ အရင်က သူတို့ရဲ့ စာလေ့လာမှုတွေမှာ သို့မဟုတ် တခြားကိစ္စတွေမှာ ကူညီပေးခဲ့ဖူးတဲ့ လူတွေက သူ့ကို အနည်းနဲ့အများ စိတ်ပူနေကြသည်။

ဘုတ်!

ဖုန်းယန်က ချီဇယ်ရဲ့ စားပွဲပေါ်ရှိ စာအုပ်အားလုံးကို မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပစ်ချလိုက်သည်။ ကြောက်ရွံ့ခြင်းမရှိဘဲ တက်နင်းလိုက်ပြီး လက်ကို အိတ်ကပ်ထဲထည့်ကာ ပြုံးလိုက်သည်။

 "ငါ အသက်ရှင်နေရတာ မပျင်းပါဘူး။ ဒီမနက်ကိစ္စကနေ မမြင်ဘူးလား။ ဘာလို့လဲ။ မင်းကျ တခြားသူတွေကို ဒီလိုလုပ်လို့ရပြီး  တခြားသူတွေကို လုပ်ခဲ့သလို မင်းကို လုပ်တော့ သည်းမခံနိုင်ဘူးလား။ မင်းငါ့ကိုသတ်ချင်နေတာပဲ မဟုတ်လား" 

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now