အခန်း ၃၂

1K 205 7
                                    

Heavenly Wife

Unicode

အခန်း ၃၂ : သူသိသွားတယ်

ပန်ယွိရဲ့ပူလောင်နေတဲ့အသက်ရှူသံ​ဖြင့် ဝါးမြိုခံလိုက်ရရင်း ဖုန်းယန်က အနမ်းကို အလိုလို ငြင်းဆန်လိုက်ကာ တစ်ဖက်လူကို တွန်းထုတ်လိုက်သော်လည်း နံရံနှင့် ပို၍ပင်တင်းတင်းကြပ်ကြပ် ဖိခံထားလိုက်ရသည်။

ပန်ယွိရဲ့ခန္ဓာကိုယ်က ကြီးမား၊သန်မာပြီး သူ့ကို နံရံနှင့် တင်းကြပ်စွာ ဖိကပ်ထားကာ အကြောင်းရင်းမရှိဘဲ အသည်းအသန် နမ်းနေခဲ့သည်။ စိတ်ဆိုးတာ၊ ရှက်တာ၊ အရူးလုပ်ခံရတာနှင့် အခြားစိတ်ခံစားမှုတွေက ရောထွေးလာကာ စိတ်ကို မသက်မသာဖြစ်လာစေခဲ့သည်။ ထိုခဏတွင်  သူတွေးနိုင်တဲ့တစ်ခုတည်းသော အရာကတော့ ဒီလူကို သတ်ပစ်လိုက်ဖို့ပင်။

သို့သော် ဒီလူနှင့် တူညီတဲ့ခွန်အားအဆင့်တောင် မရှိသဖြင့် တွန်းလှန်နိုင်သည့် လမ်းမရှိရှာပေ။

သံညှပ်ကြီးလိုဖြစ်နေတဲ့ ပန်ယွိရဲ့လက်တွေက သူ ခဲယဉ်းစွာ လှုပ်ရှားရလောက်အောင် တင်းတင်းကြပ်ကြပ် ချုပ်ထားလေသည်။

ပန်ယွိရဲ့နှုတ်ခမ်းကို သူ့သွားများနှင့် ကိုက်ဖို့ပြင်လိုက်သော်လည်း သူ့ရဲ့ဝိညာဥ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှ ပြန်ထွက်နေကြတာကို တွေ့လိုက်ရတဲ့အခါ အံ့အားသင့်ပြီး ရပ်သွားခဲ့သည်။

ဝိညာဥ်စွမ်းအင်တွေက ပန်ယွိရဲ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားကြသည်။ ဒါပေမယ့် ထူးဆန်းတာက ပန်ယွိရဲ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာပြန်သည်။ သူနှင့် ပန်ယွိရဲ့ကြားတွင် အထူးနှစ်လမ်းသွား လမ်းကြောင်းတစ်ခုကို ထူထောင်ထားသလိုပင်။

ဝိညာဥ်ချီက ထိုလမ်းကြောင်းတွင် လှည့်ပတ်ကာ မရပ်မနား လည်ပတ်နေသည်။

စောစောက ပန်ယွိပေးခဲ့တဲ့ ပုစဉ်းရင်ကွဲတွေကို စားပြီးနောက် အနည်းငယ် ကောင်းမွန်လာသည့် ဖုန်းယန်ရဲ့ဝိညာဥ်အမြစ်အချို့က ယခုအခါ ပြန်လည်ပူနွေးလာပြီး ပြန်လည်ရှင်သန်လာတော့မယ့် မရေမရာအရိပ်အယောင်တွေ ရှိလာခဲ့သည်။
သက်တောင့်သက်သာရှိတယ်လို့ ခံစားရတယ်။

ကောင်းကင်ဘုံချစ်ဇနီးOnde as histórias ganham vida. Descobre agora