အပိုင်း ၉

1.1K 245 24
                                    

Heavenly Wife

Unicode

အခန်း ၉ : မင်းကတောက်ပနေတာလေ

ဘုတ်!

ဖုန်းယန် ဆံပင်ညှပ်ဆရာ သူ့ပတ်ပတ်လည်တွင် ချည်ပေးထားတဲ့အဝတ်စကို ချွတ်ကာ ထိုင်ခုံမှ ထကာ အမြန်ထွက်လာခဲ့သည်။ လမ်းတလျှောက်တွင် ပန်ယွိရဲ့အင်္ကျီကော်လာကို ဆွဲယူကာ အပြင်ကို ဆွဲထုတ်သွားပြီးနောက်...

ဘန်းးး!

အလွန်အထက်စီးဆန်တဲ့သဘောထားကို ပြရင်း ကျယ်လောင်သည့်အသံဖြင့် တံခါးကို နောက်ပြန်ပိတ်လိုက်သည်။

"သောက်ကျိုးနည်း မင်း ဘာလိုချင်နေတာလဲ" 

ဖုန်းယန်က သူ့နှလုံးသားထဲမှ မီးကို ခက်ခက်ခဲခဲ မျိုသိပ်လိုက်ပြီး စကားလုံးတွေက သွားကြားထဲမှ ထွက်လာခဲ့သည်။

"ကိတ်မုန့်ယူပြီးရင် အိမ်အရင်ပြန်နှင့်လိုက်လို့ မင်းကို မပြောခဲ့ဘူးလား"

ပန်ယွိက ဖုန်းယန်ရဲ့နဖူးမှ ဒဏ်ရာကို ထပ်ထိချင်သော်လည်း ရပ်သွားခဲ့သည်။

သူက ပြောလိုက်သည်။ 

"ကိုယ် မင်းကို စိတ်ပူလို့ ပြန်မသွားနိုင်တော့ဘူး။ ပေါင်ပေ့ ဘာလို့နားမလည်ရတာလဲ။ ကိုယ်က မင်းကို ကာကွယ်ချင်ရုံပါပဲ"

"မင်းကလား ငါ့ကိုကာကွယ်မှာလား" 

ဖုန်းယန်က နောက်ပြန်ဆုတ်ကာ သက်ပြင်းချလိုက်သည်။

ပန်ယွိရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို ဆက်နားမထောင်ဖို့ တွေးကာ သူ့ယာဥ်မောင်းဦးလေးလျှိုဘက်သို့ လှည့်ကာ မေးလိုက်သည်။ 

"ဦးလေး ကျွန်တော့်ကို ဘယ်လိုရှာတွေ့တာလဲ"

သူဒီကိုလာတဲ့လမ်းမှာ ဘယ်သူမှ သူ့နောက်မလိုက်လာဘူးဆိုတာ လုံးဝသေချာသည်။

"သခင်လေးက ကျွန်တော်တို့သွားရမယ့် လမ်းကြောင်းကို ညွှန်ပြတဲ့သူပါ။ ကျွန်တော်က သူ့ရဲ့ ဦးဆောင်မှုက လိုက်ခဲ့ရုံပါပဲ" 

ဦးလေးလျှိုက သူ့မိသားစုရဲ့အကြီးဆုံးသခင်လေးမှာ ဘယ်အချိန်ကတည်းက ဒီလိုစွမ်းရည်ရှိနေမှန်း နားမလည်ခဲ့ပေ။ ဒီလူငယ်လေးရဲ့ တည်နေရာအမှန်ကို ဘယ်လိုများရှာတွေ့ခဲ့တာပါလိမ့်။ အံ့ဩစရာကြီးပဲ!

ကောင်းကင်ဘုံချစ်ဇနီးOpowieści tętniące życiem. Odkryj je teraz