အခန်း ၁၉

1.1K 215 7
                                    

Heavenly Wife

Unicode

အခန်း ၁၉ : အစုတ်ပလုပ်တိမ်တွေ

ဖုန်းယန်က ပန်ယွိရဲ့ 'မိုးရွာခြင်း'ဖြစ်စဥ်အပြီးတွင် သူ့ကို ပြင်းထန်စွာ မရိုက်နှက်မိအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ဒေါသအလွန်ထွက်သွားတာမို့ ပန်ယွိကို စကားမပြောဘဲနေတာ သုံးရက်လောက် ရှိသွားပြီ။

ပြောစရာမလိုအောင်ပင် ပန်ယွိက ဝမ်းနည်းကြေကွဲသွားခဲ့တာကြောင့် ဖုန်းယန်၏ အသစ်တိုးလာသည့် ကုသိုလ်သီလတွေက လျင်မြန်စွာ ကျဆင်းသွားတော့သည်။ ဟွားချန်က အလွန်အမင်း စိုးရိမ်နေသဖြင့် အမွေးတွေပါ ကျွတ်ကုန်သည်။ သို့သော် ဖုန်းယန်ကို သူ ဘယ်လောက် ပြေလည်အောင် ဆွဲဆောင်ပါစေ၊ ပန်ယွိကို လျစ်လျူရှုထားဆဲပင်။

တကယ်တော့ ဖုန်းယန်က ဒီလိုမျိုးမဖြစ်သင့်ဘူး ဆိုတာကို သိထားပေမယ့် သူက စိတ်ဆတ်တာမို့ မတော်တဆသတိမထားမိဘဲ ပန်ယွိကို သတ်ပစ်မိမှာစိုးလှသည်။

ပထမတော့ ဟယ်ထင်ထင်က ဖုန်းယန်ရဲ့ပတ်ပတ်လည်က လေထုဟာ တင်းမာနေတာကို တွေ့တော့ သူ့ကို မေးခွန်းမထုတ်ရဲခဲ့ပေ။ သို့သော်လည်း သူမ၏ ထိုင်ခုံဖော်ရဲ့ ဆိုးရွားလှတဲ့စိတ်နေစိတ်ထားမှာ ရက်အတော်ကြာကြာအောင် ဆက်တိုက်ဖြစ်နေတာကြောင့် သူမ နည်းနည်းသိချင်လာခဲ့သည်။

"ဟေး ထိုင်ခုံဖော် နင်အဆင်ပြေရဲ့လား။ ဘာလို့ ဒီရက်ပိုင်း နင့်ဆီက ယမ်းမှုန့်နံ့တွေ ပြင်းနေသလို ငါခံစားနေရပါလိမ့်" 

အခုပဲ စူပါမားကတ်သူဌေးပန်ယွိနှင့် ဦးလေးလျှိုတို့က ဒီနေ့ သူတို့မှာ ကာယအတန်း ရှိတာကြောင့် အချိုရည်တွေ အထူးတလည် ပို့ပေးလာကြသည်။  မူလက ကာယအတန်းများကို အပတ်စဉ် အင်္ဂါနေ့နှင့်သောကြာနေ့တိုင်း ကျင်းပခဲ့သော်လည်း ကာယဆရာက သောကြာနေ့တွင် လုပ်စရာတစ်ခုရှိတာကြောင့် သမိုင်းဆရာနှင့် အတန်းချိန် လဲခဲ့ပြီး စနေနေ့တွင် ကာယအတန်း ရှိနေတာဖြစ်သည်။

ထိုအချိန်တွင် ဖုန်းယန်က စူပါမားကတ်သူဌေးကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ အချိုရည်တွေ ဝေနေချိန်တစ်လျှောက်လုံး သူဌေးရဲ့အမူအရာက အမှားလုပ်ထားမိတဲ့သူနဲ့တူနေတယ်လို့ ဟယ်ထင်ထင်က ခံစားမိနေခဲ့သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now