အခန်း ၇

1.2K 229 7
                                    

Heavenly Wife

Unicode

အခန်း ၇: မင်းသား ပန်ယွိ

ဖုန်းယန်က ခူကောင်ပေါင်မုန့်အတွက် စုစုပေါင်း နှစ်ဆယ့်ခြောက်ယွမ် သုံးစွဲခဲ့သည်။ ထို့နောက် စူပါမားကတ်သို့ သွားကာ သွားတိုက်တံ၊ သွားတိုက်ဆေး၊မျက်နှာသုတ်ပဝါနှင့် အခြားနေ့စဉ်သုံးပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။ အိမ်မှာရှိတဲ့ပစ္စည်းတွေကလည်း ဒီခန္ဓာကိုယ် သုံးခဲ့တာတွေ ဖြစ်ပေမယ့် ရှောင်ဖုန်းယန်ရဲ့ ပစ္စည်းတွေကို သုံးရခြင်းနှင့်ပတ်သက်၍ သူ့စိတ်ထဲတွင် မသက်မသာ ခံစားခဲ့ရသည်။ ၎င်းက ဘာလို့ ဒီပစ္စည်းအသစ်တွေ ဝယ်ဖို့ ပိုက်ဆံသုံးရတာလဲဆိုတာပင်။ အိမ်အပြန်လမ်းတွင် ညစာအတွက် အမဲသားခေါက်ဆွဲတစ်ပွဲကို ဝယ်သွားခဲ့သည်။

ဘာကြောင့်မှန်းမသိပေမယ့် သူ အမဲသားခေါက်ဆွဲကို တောင့်တနေမိသည်။

အဝတ်အစားတွေအ​တွက်တော့ စဉ်းစားကြည့်လိုက်ပြီး မဝယ်သေးဘူးလို့ ဆုံးဖြတ်လိုက်သည်။ အကြောင်းရင်းကတော့ အနီးနားက ဈေးဝယ်စင်တာတွေမှာ စျေးချိုတဲ့ အဝတ်အစားရောင်းသည့်ဆိုင်တွေ မရှိဘဲ အထူးသဖြင့် သူ အခုလေးတင် မုန့်သွားဝယ်တဲ့ ဆိုင်ရှိသည့် နေရာပင်။ 

ဘယ်ကောင်တာကိုပဲ သွားပါစေ အခြေခံအကျဆုံးပစ္စည်းတောင်မှ ယွမ်ရာချီ သို့မဟုတ် ထောင်ချီ ကုန်ကျသည်။ သူတစ်ခုလောက် ဝယ်ခဲ့မိရင် ကျန်တဲ့ရက်တွေမှာ ရေသောက်ဗိုက်မှောက်နေရလိမ့်မည်။

ဟွားချန်က နေရာတိုင်းမှာ ရှိတဲ့ ပုရစ်တွေကို စားနိုင်သေးသည်။ သို့သော် လက်ရှိဖုန်းယန်ဆီမှာ ရှိနေတဲ့ ပိုက်ဆံက ရေရှည်ရှင်သန်နိုင်ဖို့ လုံလောက်ရန် ဝေးကွာနေသေးသည်။ သူ ပိုပြီး စုဆောင်းဖို့ လိုသည်။

 ဖုန်းယန်က အဝတ်အစားအသစ် ဝယ်ရန် နောက်ထပ်ဧည့်သည်အသစ်နဲ့ တွေ့တဲ့အထိ စောင့်ဖို့ ဆုံးဖြတ်ခဲ့သည်။ တနင်္လာနေ့ကျ ကျောင်းဝတ်စုံအသစ် ဝယ်ရဦးမည်။ သူက တစ်ပတ်လျှင် ခြောက်ရက် ကျောင်းတက်ရတာကြောင့် သူ့ရဲ့ ကျောင်းဝတ်စုံက အကြိမ်မရေမတွက်နိုင်အောင် လျှော်ဖွပ်ခဲ့ရပြီး ယခုအခါ အလွန်ပါးလွှာကာ မှိန်ဖျော့နေပြီ ဖြစ်သည်။ အဆိုးဆုံးကတော့ သူ့ကျောင်းဝတ်စုံက သေးနေပြီ။ ရှောင်ဖုန်းယန်က လွန်ခဲ့သည့်နှစ်နှစ်အတွင်း အများကြီး ကြီးပျင်းလာသော်လည်း ကျောင်းဝတ်စုံကတော့ ကျောင်းပထမနှစ်ကအတိုင်း တူညီနေခဲ့ပြီး အသစ်နှင့် အစားမထိုးခဲ့ဖူးပေ။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now