Part 12

150 7 0
                                    

"ရေးးးး!"

ကလေးတစ်ယောက်ထက်တောင် ခုန်ပေါက်ပျော်ရွှင်နေသော ခန့်သူရကြောင့်လူများဝိုင်းကြည့်ခံနေရ၍ သွန်းမင်းနောင်တို့အဖွဲ့မှာရှက်လာရသည်။

"မင်းပုံမှန်လိုနေမရဘူးလား"

စည်သူ၏စကားအား စပ်ဖြဲဖြဲဖြင့်ပင်ပြန်တုံ့ပြန်ကာ တွေ့ကရာဆိုင်ထဲ၀င်သွားသော ခန့်သူရကြောင့် စည်သူခင်ဗျာနောက်ကနေလိုက်ထိန်းရပါတော့သည်။

သွန်းမင်းနောင်လည်းစစ်ခွန်းဆက်နှင့်ထွန်းစက်အား ခေါ်ကာရှေ့က‌နှစ်ယောက်နောက်လိုက်ရပါတော့သည်။ခန့်သူရ၀င်သွားသော ဆိုင်ထဲသို့ရောက်သည်နှင့် သရဖူအား၀တ်ဆင်ထားသော စည်သူအားမြင်လိုက်ရဖြင့် သွန်းမင်းနောင်ဆိုင်များမှား၀င်မိသွားသလားဟုပင်ထင်လိုက်မိ‌သေးသည်။

အိန္ဒြ‌ရည်ရှိလှသော မင်းသမီးလေးများ၏သရဖူသည် တစ်မျက်နှာလုံးရေဘဝဲလို‌နီရဲနေသော စည်သူ၏ခေါင်းပေါ်တွင်တော့ တစ်မျိုးရယ်စရာကောင်းနေ၏။သွန်းမင်းနောင်ကြောင်တောင်တောင်ဖြစ်သွားပေမယ့် စည်သူ၏ဘေးမှ ရှေးဘုရင်များ၀တ်လေ့ရှိသောကြီးမားလှသည့် ရွှေရောင်ခေါင်းဆောင်းအား ခေါင်းပေါ်တွင်၀တ်ဆင်ထားသော ခန့်သူရကိုတွေ့လိုက်ရ၍ နားလည်သွားတော့သည်။

"ဟားဟားဟား ဘီးကုတ်ရောင်းတဲ့ဆိုင်ကဒီလိုအဖိုးတန်လေးတွေရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ဖူးးးးး ဟားဟားဟား"

‌ခန့်သူရ၏ရယ်သံများမှာ ရွှေရောင်ဘုရင်ခေါင်းဆောင်းအား လုယူ၍သရဖူအားသူ၏ခေါင်းပေါ်သို့ တပ်ပေးလိုက်သောစည်သူကြောင့် ရပ်တန့်သွားရသည်။

"ဒီလိုမှလိုက်တာ"

စည်သူ၏ဂုဏ်ယူနေဟန်အပြုံးကြီးကြောင့် ခန့်သူရ၏မျက်နှာမှာရဲတက်လာရသည်။ထို့နောက် ဆိုင်၀န်ထမ်းများတောင် မနိုင်ရလောက်အောင် ပြေးတိုင်းလိုက်တမ်းကစားနေသော ကောင်လေးနှစ်ယောက်အား ကစားကွင်းမှဘီးကုတ်ဆိုင်လေးတွင် ရယ်မောဖွယ်ကောင်းစွာတွေ့ရတော့သည်။

သူ၏ရှေ့မှမြင်ကွင်းကြောင့် သွန်းမင်းနောင်ပြုံးမိသည်။သူ၏ဘေးသို့ကြည့်သော်် ထွန်းစက်ကိုသာတွေ့ရပြီး စစ်ခွန်းဆက်မှာတော့ပျောက်နေသည့်အတွက် အနည်းငယ်စိုးရိမ်မိသွားသည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now