Part 2

412 28 4
                                    

"ကျွန်တော်အစ်ကို့ကိုချစ်တယ်"

"ဟမ်"

စစ်ခွန်းဆက်သည်ကြောင်အနေသော သွန်းမင်းနောင်ဆီအလွန်နီးကပ်သော အနေအထားအထိတိုးကပ်လိုက်သည်။ထို့နောက် ခေါင်းတစ်လုံးစာပုနေသောသူ့အရပ်ကြောင့်ခြေဖျားထောက်ကာ အရင်ကျောချမ်းဖွယ်အပြုံးအစား ချစ်မြတ်နိုးစိတ်အပြည့်ရှိတဲ့ ကြယ်လိုမျက်လုံးလေးနဲ့...

"ကျွန်တော် အစ်ကို့ကိုအရမ်းချစ်တယ်"

သွန်းမင်းနောင်အလွန်နီးကပ်သော သူတို့နှစ်ဦး၏အနေအထားကြောင့် အလန့်တစ်ကြားနောက်သို့ဆုတ်လိုက်ပေမယ့် ရလာတာကတော့အိမ်သာတံခါးဆောင့်မိခြင်းပင်။

"ဒုန်း!"

"အာ့!"

"နာသွားလား"

ခြေဖျားထောက်ရင်းသွန်းမင်းနောင်၏ ခေါင်းနောက်ကိုလက်ဖြင့်အသာပွတ်ပေးကာ ထိခိုက်သွားတာရှိမရှိသေချာကြည့်ပေးနေသော စစ်ခွန်း‌ဆက်ကြောင့် သွန်းမင်းနောင်အမည်မသိတဲ့ တစ်မျိုးတစ်မည်ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။သွန်းမင်းနောင်သူ့ခေါင်းနောက်ကိုသာသာလေးပွတ်ပေးနေသော စစ်ခွန်းဆက်ကိုကြည့်နေချိန် ထိုသူမှာလဲပြန်ကြည့်လာလေမယ်ဆိုတာကို အဘယ်သို့ထင်ခဲ့လိမ့်မည်နည်း။ယခင်ကထဲကနီးကပ်သော ထိုသူ‌နှစ်ယောက်၏အနေအထားသည် ယခုတော့ နှုတ်ခမ်းချင်းထိမိဖို့ လက်မအနည်းငယ်အကွာသာလိုတော့လေသည်။

'ဒုတ် ဒုတ်'

သွန်းမင်းနောင် ပေါက်ထွက်တော့မည်ထင်ရသည့် နှလုံးခုန်သံကြောင့်ထိုအနေအထားမှ အလျင်အမြန်ခွာလိုက်သည်။ရှက်ရမ်းရမ်းကာ ထိုနှလုံးခုန်သံထွက်ပေါ်လာခြင်းကို ဆင်ခြေပေါင်းစုံပေးရင်း ကိုယ့်ကိုကိုယ်နှစ်သိမ့်နေမိသည်။

'ဒီလောက်ထိနီးသွားတော့ လန့်ပြီးနှလုံးခုန်သွားတာနေမှာ ဟုတ်တယ် လန့်ပြီး ခုန်တာ'

"အစ်ကို အဖြေပြန်မပေးသေးဖူးနော်"

ကိုယ့်စိတ်ကိုယ်ဆင်ခြေပြန်ပေးရင်းအလုပ်များနေသောသွန်းမင်းနောင်မှာ စစ်ခွန်းဆက်မေးမြန်းသည့်မေးခွန်း၏ဆိုလိုရင်းကိုနားမလည်ပေ။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now