Part4

319 25 0
                                    

အန်တီကြီး၏ အ၀တ်ဆိုင်မှအပြင်ထွက်လိုက်သည်နှင့် သူတို့နှစ်ယောက်ကိုပုစွန်ဆီရောင်သန်းနေသော လိမ္မော်ရောင်ကောင်းကင်ကြီးကကြိုဆိုနေလေတော့သည်။အန်တီကြီး၏အ၀တ်ဆိုင်တွင်အချိန်အရမ်းဖြုန်းမိသွားသည်ထင် နေတောင်၀င်တော့မည်ဖြစ်သည်။

"ဟာ နေတောင်၀င်တော့မယ် စစ်လက်ပတ်နာရီရှိလား အချိန်လေးတစ်ချက်ကြည့်ပေးပါအုံး"

စစ်ခွန်းဆက်သည်သူ၏သွယ်လျသောလက်၏ ဘယ်ဘက်လက်ကောက်၀တ်မှာ လှပစွာရစ်ပတ်ထားသော မီးခိုးရောင်လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။

"၅နာရီတောင်ထိုးတော့မယ် အစ်ကိုကသွားစရာရှိလို့လား"

"အဲ့လိုတော့သွားစရာမရှိပါဖူး ညနက်သွားရင်မကောင်းဖူးလေ"

စစ်ခွန်းဆက်၏ချစ်စဖွယ်‌မျက်နှာလေးမှာတစ်ခုခုကိုစဉ်းစားနေဟန် ဖြစ်သွား၏။ထို့နောက်တွင်တော့ ပန်းနုရောင်နှုတ်ခမ်းသားလေးများမှ အကြံပေးချက်လေးတစ်ခုကိုပြောကြားလာသည်။

"အဲ့တာဆိုလဲcafeဘဲသွားကြ‌တာပေါ့ အဲ့မှာစကားပြောရင်းနဲ့စားသောက်လို့ရတော့ အချိန်အရမ်းမယူလောက်ပါဖူး ရတယ်မလားဟင်"

သွန်းမင်းနောင်‌ညရောက်သည်ထိ‌လျှောက်သွားရမည်ကိုမကြောက်ပါ။ကျောင်းသားဖြစ်ရက်ည‌ပိုင်းအပြင်ထွက်ခြင်း‌ကြောင့် သူ၏အမေစိတ်ပူမှာကိုဘဲစိုးရိမ်ခြင်းပင်။သို့ပေမယ့်စစ်ခွန်းဆက်၏သူတစ်ပါး‌အပေါ်အလေးပေးစဉ်းစားပေးသောစိတ်ကလေးကြောင့် သွန်းမင်းနောင်မပြုံးဘဲမနေနိုင်အောင်ပင်။

"အင်းပါ သွားကြတာပေါ့ ဒီနားမှာcafeဆိုင်ကောင်းကောင်းလေးသိတယ် အဲ့သွားကြမလား"

စကားတစ်ပြောပြောဖြင့် သွားလိုက်ကြတာခနချင်းတွင်းပင် သွန်းမင်းနောင်အကြံပြုသောcafeဆိုင်သို့နှစ်ယောက်သား ရောက်ရှိသွားတော့သည်။ဆိုင်ကလေးသည် အပြင်မှကြည့်လျှင်သေးငယ်သည်ထင်ရသော်လည်း အထဲမှာတော့အတော်ကျယ်၀န်းပေသည်။ဆိုင်၏အပြင်တွင်အရိပ်အာ၀ါသ ကောင်းမွန်လှသောသရက်ပင်ကြီးရှိပြီးထိုအပင်ကြီးနှင့်ခြေဆယ်လှမ်းမျှအကွာတွင် cafeဆိုင်‌လေးမှာလှပတင့်တယ်စွာတည်ရှိလေသည်။ကောင်တာအောက်မှာပြသထားသော အရောင်စုံကိတ်ကြီး၊ကိတ်ငယ်တို့မှာ မြင်သူတိုင်းသရေကျဖွယ်ရာပင်။ဆိုင်အပြင်အဆင်မှာလဲပြောစရာမလိုလောက်အောင်ကိုကောင်းမွန်သည့်အပြင် ဆိုင်ရှေ့မှအပင်ငယ်လေးတွေကြောင့်ပိုလို့ကာ သွားချင်စရာကောင်းနေပေတော့သည်။သူတို့နှစ်ယောက်ဆိုင်ထဲ၀င်ကာ လမ်းအပြင်ကိုမြင်နိုင်သောမှန်နှင့်ကပ်ရပ်စားပွဲတစ်ခုတွင်၀င်ထိုင်လိုက်သည်။စားပွဲထိုးလေးမှာလဲ ကျိုးနွံစွာရောက်လာ‌ပြီးသွန်းမင်းနောင်ကိုmenuတစ်ခုပေးအပ်လာ၏။သွန်းမင်းနောင်ထိုmenuကိုတစ်ချက်ကာကြည့်လိုက်ရင်း

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now