Part 6

256 14 0
                                    

နှစ်ယောက်သားလမ်းတူတူလျှောက်နေကြပေမယ့် စစ်ခွန်းဆက်သည်အခုထိ‌စကားစမပြောသေးပေ။ယခင်ကြက်တူရွေးကဲ့သို့စကားပေါလှသော ထိုကောင်ကလေး၏ကန်ရေပြင်လိုတိတ်ဆိတ်နေခြင်းကြောင့် သွန်းမင်းနောင်အနည်းငယ်စိတ်ခုရပါသည်။စစ်ခွန်းဆက်၏ထိုပုံစံမှာ သူ့အပြုအမူကြောင့်ဆိုတာကိုအရှင်းအလင်းပင်သိသည့်အတွက် ထိုကောင်ကလေးဆက်ပြီး၀မ်းနည်းမနေရအောင် သူကအရင်စကာစကားပြောလိုက်သည်။

"မနေ့ကရဲတွေကိုဖုန်းဆက်ပြောပေးတာကျေးဇူး"

စစ်ခွန်းဆက်သည်ထိုစကားကိုကြားပြီးကာမှ ယခင်ထက်ပိုတောင်၀မ်းနည်းသွားဟန် ခေါင်းကိုငုတ်ကာတိုးတိတ်စွာစကားဆို၏။

"တောင်းပန်ပါတယ်.."

"ဟမ်?"

စစ်ခွန်းဆက်၏စကားသံမှာအလွန်ကိုတိုးညှင်းလှသောကြောင့် သွန်းမင်းနောင်မကြားမိလိုက်ပေ။ထို့‌နောက်ခေါင်းကိုငုတ်ထားသော စစ်ခွန်းဆက်သည်ရုတ်ချင်းခေါင်းမော့ကာ သွန်းမင်းနောင်ကိုစိုက်ကြည့်လာ၏။

စစ်ခွန်းဆက်၏ကန်ရေပြင်လို ညိမ်သက်နေသော အညိုရောင်မျက်၀န်းများမှာသွန်းမင်း‌နောင်၏စိတ်ကို ဖောက်ထွင်း၀င်‌ရောက်နေသည့်အလား စူးစိုက်ကြည့်နေခြင်းကြောင့်သွန်းမင်းနောင်အနည်းငယ်တော့စိတ်မလုံဖြစ်လာမိသည်။ပြောလိုက်သောစကားတို့မှာလဲ အထစ်ထစ်အငေါ့ငေါ့ဖြင့်။

"ဘာ..ဘာလို့..စိုက်ကြည့်..ကြည့်နေတာလဲ"

"မပျော်ဖူးဘဲ"

စစ်ခွန်းဆက်သည်သူ၏မျက်၀န်းများကို သွန်းမင်းနောင်ကိုစိုက်ကြည့်နေရာမှ ယခုချိန်ထိမလွှဲသေးပေ။ပြောလာသောစကားမှာလဲ အဆက်အစက်မရှိသောကြောင့် နားမလည်သောသွန်းမင်းနောင်မှာမေးခွန်းပြန်ထုတ်ရလေသည်။

"ဘာ..ကိုမပျော်တာလဲ"

"မိုးမြင့်သေသွားတာကိုလေ"

"ဟမ်"

စစ်ခွန်းဆက်သည် တစ်ဖက်သား၏အတွင်းစိတ်ကို စူးရဲစွာစိုက်ကြည့်နေဟန်မျက်၀န်းများကို ယခင်မြင်သူတိုင်းစိတ်အေးချမ်းစေနိုင်သော နူးညံ့လှသည့်မျက်၀န်းများဖြင့်အစားထိုးရင်း နားမလည်ဟန်မေးလိုက်သည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now