Part5

284 26 2
                                    

သွန်းမင်းနောင်ပုံမှန်နေ့တွေအတိုင်း အိပ်ယာနိုးနိုးချင်းမျက်နှာသစ်ကာ အမေပြင်ဆင်ပေးထားသော မနက်စာကိုစားရန်အောက်ထပ်သို့ဆင်းလိုက်သည်။ဒေါ်သီမြင့်သည်အရာရာကို သူကိုယ်တိုင်လုပ်ရမှစိတ်တိုင်းကျသည့်အတွက် အိမ်အကူမခေါ်ဘဲ ကိုယ့်ဘာသာလုပ်လေ့ရှိသည်။ယောက်ျားကပါတစ်သက်စားမကုန်အောင်ချမ်းသာနေပေတော့ သူမသည်တစ်‌နေကုန်အားသည့်အတွက်အိမ်အလုပ်လုပ်ရသည်မှာ မပင်ပန်းချေ။ဒါ့အပြင်အေးဆေးအိပ်ကာအနားယူချိန်တောင် ပိုလို့နေပါသေးသည်။အောက်ထပ်ကထမင်းစားခန်းထဲ၀င်လိုက်သည်နှင့် ရွှေဝါရောင်သန်းနေသောမုန့်ကြွပ်များကိုတည်ခင်းထားသော စားပွဲ‌ပေါ်တွင်ကွန်ပျူတာသုံးလျက်ရှိသော ဦးမင်းဆက်နှင့်မီးဖိုချောင်ထဲမှခွက်တွေဆေးလျက်ရှိသော ဒေါ်သီမြင့်၏ပုံရိပ်ကိုမြင်တွေ့နေကြအတိုင်းတစ်ပုံစံထဲမြင်တွေ့ရသည်။

သွန်းမင်းနောင်အနည်းငယ်တော့ အံ့အားသင့်ရပါသည်။အဘယ်ကြောင့်သို့သော် အိမ်မကပ်သည့်သူ၏အဖေသည် မနက်စာစားပွဲတွင်ထိုင်ကာအလုပ်လုပ်နေသောကြောင့်ပင်။ယခင်နေ့ကကားတွေဆေးဖို့အတွက် အိမ်တွင်ခနနေခြင်းကစဉ်းစားပေး၍ရပါသော်လည်း ဒီနေ့လဲဘာလို့အိမ်ကပ်နေရပါသတည်း။

"အဖေအလုပ်မသွားသေးဖူးလား ပိတ်ရက်လဲမဟုတ်ဘဲနဲ့"

ဦးမင်းဆက်သည်သူ၏သားအသံကြားသည်နှင့် ကွန်ပျူတာတွင်ရှိနေခဲ့ပါသော စူးရှလှသည့်မျက်၀န်းများဟာ သွန်းမင်းနောင်ဆီသို့ကျရောက်လာတော့သည်။

"မင်းကိုစောင့်နေတာ"

"ကျွန်တော်?"

သွန်မင်းနောင်ခမျာသူ၏အဖေစောင့်နေတဲ့သူသည် သူမှန်းမသေချာသည့်အလား ကိုယ့်ကိုကိုယ်လက်ညိုးထိုးလျက်အူကြောင်ကြောင်ဖြစ်နေရသည်။သူတို့နှစ်ယောက်၏သားအဖဆက်ဆံရေးသည် မအေးစက်သော်လည်းမနွေးထွေးချေ။သွန်းမင်းနောင်သိတတ်စအရွယ်ကထဲက ဦးမင်းဆက်သည်အလုပ်အပေါ်တွင်လွန်စွာအချိန်သုံးလေ့ရှိသောကြောင့် အမေဖြစ်သူနှင့်သာကြီးပြင်းခဲ့ရပါသည်။အ‌မေကတော့ကိုယ့်အဖေကိုမမုန်းဖို့ပြောလေ့ရှိပါ‌သောကြောင့် အဖေ့ကိုမမုန်းရက်ခဲ့ပေ။ဦးမင်းဆက်သည်ငယ်ငယ်ကအရမ်းကိုဆင်းရဲမွဲတေခဲ့ပါသည်။တစ်ခြားအကြောင်းရင်းကြောင့်တော့မဟုတ်။သူ၏ပိုက်ဆံမှန်သမျှကိုအချစ်မွန်ကာ တွဲနေခဲ့သောကောင်မလေးအတွက်သုံးနေခဲ့သောကြောင့်ပင်။ထိုကောင်မလေးနဲ့ကွဲ‌ကာမှနောင်တတွေအထပ်လိုက်ရရင်း မိန်းမမုန်းတီးသောလူတစ်ယောက်ဖြစ်လာတာပင်။ထိုမိန်းမမုန်းတီးရေးဝါဒကို‌စွဲကိုင်ထားသော အဖေ့ကိုအမေကအရင်လိုက်ခဲ့ခြင်းပင်။နှစ်‌ယောက်သားလက်ထပ်နိုင်‌အောင်အ‌မေဘယ်လိုပရိယာယ်တွေ သုံးလိုက်သလဲတော့မသိပါ။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now