Part 11

215 9 6
                                    

ခန့်သူရသည် သူ့ကိုမြင်သည်နှင့်လက်ယမ်းပြကာ ရောက်လာ၏။ဘေးမှစစ်ခွန်းဆက်အားမြင်သွားသော ခန့်သူရမှာစချင်ဟန်ဖြင့်ပြုံးဖြီးလာသည်။

"ဟေးဟေး~ သားကြီးသွန်းမင်းနောင်ရေ မင်းလိုင်းပြောင်းသွားတာလား~"

"ရူးနေလား ဘာတွေပြောနေတာလဲ ငါ့အမေရှိနေတာကို"

သွန်းမင်းနောင်တကယ်လည်းလိုင်းပြောင်းသွားတာမှန်ပေမယ့် တစ်ခြားသူများအားမသိစေချင်ပေ။ခန့်သူရသည်စတာများပေမယ့် စကားတော့မကျွံ။ဗန်းစကားဖြင့်ပြောလိုက်သောကြောင့် ခြံတံခါး၀ရှိဒေါ်သီမြင့်မှာ နားလည်မည်မဟုတ်မှန်းသိသောကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

သွန်းမင်းနောင်ငြင်းသာငြင်းနေရတာ ဘေးကအကောင်လေးအရင်တစ်ခါကလို စိတ်ခုသွားမည်ကိုနည်းနည်းတော့စိုးရိမ်မိပါသည်။ထို့ကြောင့်စစ်ခွန်းဆက်အားကြည့်လိုက်သော်လည်း ထိုကောင်ကလေးမှာစည်သူ့ကိုဘဲ မျက်မှောင်ကြီးကျုံ့ကာစိုက်ကြည့်နေသည်။စည်သူကတော့ မျက်လုံးအားဟိုလှည့်ဒီလှည့်ဖြင့် "ဘာမှမလုပ်ဘူး ဘာမှမသိဘူး" ဟုသူ့ကိုယ်သူပြောနေသယောင်။

'သူတို့နှစ်ယောက်တစ်ခုခုဖြစ်ထားတာလား?'

"အမေအထဲဝင်တော့မယ် ခန့်သူရအရမ်းနောက်မကျစေနဲ့နော်"

"ဟုတ်ကဲ့ပါဗျာ"

ဒေါ်သီမြင့်သည်သူ့အားပြောပြီးသည်နှင့် ခန့်သူရအားလှမ်းပြောကာအိမ်ထဲ၀င်သွားသောကြောင့် သွန်းမင်းနောင်သိလိုက်သည်။ခန့်သူရကသူ့အားမနေ့ကလိုအလေလိုက်ဖို့အဖော်ခေါ်တာပင်ဖြစ်သည်။

"ကျောင်းပိတ်ရင်အလေလိုက်ဖို့‌ဘဲတွေးနေတာလား?"

"တွေးတော့ဘာဖြစ်လဲ ဘာဖြစ်လဲ"

ခန့်သူရ၏ပြောင်သလိုလိုနဲ့ပြန်ပြောဟန်ကြောင့် စည်သူနှင့်သွန်းမင်းနောင်မှာမနိုင်ဘူးဟု တွေးရုံမှတစ်ပါးမတတ်နိုင်ကြ။

"ဟမ့် ကိုယ့်သူငယ်ချင်းအရင်းကြီး‌ သေသွားတာမှအားမနာအပျော်ဘဲမက်နေတယ် ဘယ်လိုတောင်သွန်သင်ခံထားရတာလဲ"

ထွန်းစက်၏ခနဲ့သောစကားကြောင့် ခန့်သူရ၏ပြောင်ဆက်ဆက်မျက်နှာဘေးမှာ ပျောက်ကွယ်သွားရကာ လက်မောင်းကြောများ‌ထောင်ထလာရသည်။စည်သူနှင့်သွန်းမင်းနောင်မှာလည်း တစ်ပြိုင်နက်မျက်မှောင်ကျုံ့မိသွားရသည်။စည်သူသည်သူ၏‌နက်ပြာရောင်ဆွယ်တာအင်္ကျီ၏လက်နားစအား တစ်တောင်ဆစ်ထိဆွဲတင်ကာ၀င်ဆွဲရန် အသင့်အနေအထားဖြင့်။သွန်း‌မင်းနောင်မှာလည်း ဖုန်းထုတ်ကာခန့်သူရအဖေ၏ဖုန်းနံပါတ်အားအသင့်ရိုက်ထားပြီးသား။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now