part 3

323 25 0
                                    

နှစ်ယောက်သားပြုံးပြုံးရွှင်ရွှင်နှင့်ပင် အမောတကောပြေးလိုက်ကြတာ သွန်းမင်းနောင်အမောဆို့ပြီး မရပ်ခင်အထိပင်။

"အမလေး မောလိုက်တာ ဟူး"

"ရရဲ့လား ကျွန်တော်ရေဘူးသွား၀ယ်ပေးရမလား"

သွန်းမင်းနောင်ခဗျာ စစ်ခွန်းဆက်ကိုလှမ်းကြည့်မိတော့ ထိုလူသားရဲ့ဖုန်လူးနေတဲ့အင်္ကျီနဲ့ချွေးနည်းနည်းကျနေသော ချစ်စဖွယ်မျက်နှာလေးမှာ ဖုတ်၀င်နေသောzombieလို လျှာတစ်ထုပ်ထုပ်နဲ့ အမောဆို့နေတဲ့သူနဲ့မိုးနဲ့မြေလိုကွာတယ်လို့ နှိုင်းယှဉ်ပြောမည်ဆို‌ရင်တောင်ပိုသည်မထင်။

"စစ်က ဟဲ...ဟော..အမလေး စကားတောင်..သေချာပြော...မရ"

စစ်ခွန်းဆက်မှာတော့ စကားတောင်နားနားပြီးပြောနေရတဲ့ သွန်းမင်းနောင်အဖြစ်ကိုကြည့်ရင်း အလွန်စိုးရိမ်နေဟန်။

"ရရဲ့လား ဒီနားကဆိုင်တစ်ဆိုင်မှာ ရေသွားတောင်းမှပါ အာ တွေ့ပြီ!ဟိုဆိုင်မှာ ရေသွားတောင်းရအောင်! အစ်ကိုလမ်းတော့လျှောက်လို့ရတယ်မလား မရရင်ကျွန်တော်ကုန်းပိုးပေးရမလား"

"လမ်းတော့..လျှောက်ရပါတယ်..လိုနေတာ...ရေ..အမလေးအာခြောက်လိုက်တာ"

သွန်းမင်းနောင်ရဲ့လက်ကို စစ်ခွန်းဆက်ရဲ့ပခုံးပေါ်တင်ရင်း ဖြေးဖြေးနှင့်မှန်မှန်ထိုအမည်မသိဆိုင်ဆီသို့ တွဲခေါ်သွားတော့သည်။ဆိုင်ထဲ၀င်လိုက်သည်နှင့် မြင်လိုက်ရသည်များမှာအရောင်စုံလှသောအ၀တ်များနှင့်အတူ ကောင်တာမှာပျင်းရိနေဟန်ထိုင်နေသော ဗိုက်ပူပူ ဆံပင်ကောက်ကောက်နှင့်အသားအရောင်ဝါသောမိန်းမကြီးတစ်ယောက်ကိုပင်။ထိုမိန်းမကြီးမှာ သွန်းမင်းနောင်တို့ကိုမြင်သည်နှင့် အလွန်စိုးရိမ်သွားသည့်နှယ် အပြေးတစ်ပိုင်းရောက်လာတော့သည်။

"ကလေးတို့ ဘာဖြစ်လာကြတာလဲ! တစ်ကိုယ်လုံးလဲဖုန်တွေသဲတွေပေပွလာတာဘဲ"

"အန်တီ ရေလေးမြန်မြန်ပေးပါ ကျွန်တော့်အဖော်အမောဆို့နေလို့ပါ"

ထိုအန်တီကြီးလဲ နောက်ဖေးဘက်အမြန်သွားကာ ရေတစ်ခွက်ယူလာရင်းစစ်ခွန်းဆက်ကိုပေး၏။ရုပ်ကြမ်းပေမယ့် စိတ်ထားကောင်းသောအန်တီကြီးပင်။သွန်းမင်းနောင်လည်း ရေသောက်ပြီးမှသာ အသက်ရှူရခက်နေတဲ့ဖြစ်စဉ်ကြီးမှလွတ်မြောက်သွားတော့သည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now