Part 9

237 10 1
                                    

မနက်၈နာရီ လမ်းမပေါ်တွင်‌ဟိုဒီ‌ပြေးလွှားနေကြသော ကားများနှင့်အတူ လမ်းဘေးတွင်လွယ်အိတ်လေးတွေကိုင်ကာ ၎င်းတို့၏မတူညီသောကျောင်းများသို့ တစ်ယောက်ထဲသော်လည်းကောင်း သူငယ်ချင်းများနှင့်အုပ်စုလိုက်သော်လည်းကောင်း ဟိုတစ်စုဒီတစ်စု သွားနေ‌ကြသော ကျောင်းသားကျောင်းသူလေးများကိုတွေ့ရသည်မှာ သက်လတ်ပိုင်းလူကြီးများ၏ ငယ်ရွယ်ချိန်ကျောင်းသားဘ၀ကိုအမှတ်ရမိသယောင်တမ်းတစေသည်။

ထိုဖြူစိမ်းတူညီ၀တ်စုံများဖြင့် ကျောင်းသားသုံးယောက်မှာလဲစကား‌တစ်ပြောပြောဖြင့် သူတို့၏ဦးတည်ရာကျောင်းသို့ သွားနေကြပုံမှာလည်း မထူးဆန်းသည့်မြင်ကွင်းဖြစ်သော်လည်း ညည့်ယံလ‌ရောင်ကိုထွန်းလင်းပေးသော လမင်းကြီးနှယ် မျက်စိပသာဒရှိ‌စေသည်။

သို့သော်ကြည့်ကောင်းသောထိုမြင်ကွင်းလေးထဲမှ ကောင်ကလေးတစ်ယောက်၏ချွေးပြန်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသောမျက်နှာကိုတော့ ကြည့်နေသူအပေါင်းမှာသတိမထားမိကြပေ။

စည်သူ သူ၏ဘေးမှပွစိပွစိဖြင့်သူ၏အဖေအကြောင်း ပြောမပြီးသောသွန်းမင်းနောင်အားနေရခက်သောလုပ်ပြုံးဖြင့်သာ ပြန်ပြုံးပြနိုင်တော့သည်။အဘယ်ကြောင့်ဆိုသော် သွန်းမင်းနောင်၏‌ဘေးမှ ခေါင်းတစ်လုံးစာလောက်ပုသောကောင်ကလေးတစ်ယောက်၏ တန်းတန်းမတ်မတ်သူ့အား စိုက်ကြည့်‌နေသော မျက်လုံးသေကြီးများကြောင့်ပင်။

မျက်နှာသေဖြင့်စိုက်ကြည့်လျှင်တောင် ထိုမျှကြောက်ဖို့မကောင်းပေ။လူတစ်ယောက်၏အတွေးကို ထိုလူတို့မျက်လုံးများမှတစ်ဆင့် မြင်နိုင်သည်ဆိုသည့်စကားရှိသည်မဟုတ်လား။သို့သော် ထိုထူးဆန်းသည့်ကောင်ကလေး၏ဘာတွေး‌လို့ တွေးနေမှန်းမသိရသည့်မျက်လုံးသေကြီးများဖြင့် စိုက်ကြည့်ခံနေရခြင်းကြောင့် စည်သူခမျာအိုးမလုံအုံပွင့်၍ မရှိသည့်အပြစ်တောင်ရှာကြံ၍ ၀န်ခံချင်စိတ်ပင်ဖြစ်ပေါ်စေသည်။

ဒါတောင်ပွစိပွစိဖြင့်သတိမထားမိသေးသော သွန်းမင်းနောင်အား မျက်လုံးဖြင့်လှမ်းစကားပြောသော်လည်း သွန်းမင်းနောင်နောက်လှည့်လိုက်သည်နှင့် ထူးဆန်းသောကောင်ကလေး၏ သူ့ကိုစိုက်ကြည့်နေသည့် မျက်လုံးသေကြီးများအစား ကြယ်ရောင်လိုကြည်လဲ့တောက်နေသော ချစ်စဖွယ်မျက်လုံးလေးများဖြင့် အလင်း၏အရှိန်တောင်မမှီနိုင်စဖွယ်ချက်ချင်းပြောင်းသွားခြင်းကြောင့် စည်သူမှာမြင်လိုက်ရသည့်မျက်လုံးတောင်ကျွတ်ထွက်မတတ် အံ့အားသင့်ခဲ့သည်ပင်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Där berättelser lever. Upptäck nu