Chapter - 24.4 [Uni+Zawgyi]

269 48 0
                                    

ကျူအန်းဟယ် ၏ ဆူညံလှသောအသံသည် ကျင်းယွမ်ချီ ကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ပါးစပ်ပိတ်သွားဖို့အတွက် သူ့မျက်နှာကို နောက်ထပ်အချက်ရေ တစ်ဒါဇင်လောက်သာ ပိတ်ရိုက်လိုက်ချင်တော့သည်။

သူသည် ကျူအန်းဟယ် ၏ပါးနှစ်ဖက်ကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှောင်ရယ်လိုက်ကာ ရှေ့သို့ တိုးသွားသည်။ - "ရှီချင်း က မင်းကို နှစ်ချက်တောင် ပါးရိုက်ခဲ့တယ်လို့ မင်းပြောပေမယ့် မင်းမျက်နှာပေါ်က လက်ရာတွေကို မင်းဘယ်လိုရှင်းပြမလဲ?"

"မင်းဘာစောက်ကြောင်းတွေလာပြောနေတာလဲ? ကျင်းယွမ်ချီ မင်းကပါသူနဲ့ကြံရာပါလို့ ငါ့ကိုလာပြောတာလား!"

နေသာသောအပြုံးအား အမြဲတပ်ဆင်ထားပါသော ကျင်းယွမ်ချီ ၏မျက်နှာသည် ယခုအချိန်တွင်တော့ အထင်အမြင်သေးသည့်ဟန်ပန်များဖြင့် ပြည့်နှက်နေသည်။ သူ့သူဌေးအား ဂရုတစိုက်ကာကွယ်နေတဲ့ ကောင်းကျီ ကို တိတ်တဆိတ် လှမ်းဆွဲလိုက်သည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်မိသွားကြသည်။ လူငယ်သည် သူ၏ညာလက်ကိုဆန့်ကာ ကောင်းကျီ ၏မျက်နှာဘယ်ဘက်သို့ လက်တင်ဟန်ပြလိုက်သည်။ "တကယ်လို့ မင်းကို တစ်ယောက်ယောက်ကရိုက်တယ်ဆိုရင် မင်းရဲ့မျက်နှာပေါ်က လက်ချောင်းရာတွေရဲ့ ဦးတည်ရာက မင်းဘက်ကိုထိုးနေလိမ့်မယ်။"

"ဒါပေမယ့် မင်းမျက်နှာကိုကြည့်၊ လက်ချောင်းအရာက ရှင်းရှင်းလင်းလင်းပဲ အပြင်ဘက်ကိုထိုးနေတယ်လေ။ တစ်ခုတည်းသော ရှင်းပြချက်ကတော့ မင်းကိုယ်မင်း ပါးရိုက်လိုက်တာပဲ။ ကောင်း..ဘာလဲမသိဘူး။ မင်းပဲသရုပ်ပြလိုက်။”

“အား ဟုတ်ကဲ့ ဟုတ်ကဲ့။”

ကောင်းကျီ သည် သူ့ညာလက်ကို သူ့မျက်နှာပေါ် ညင်သာစွာ တင်လိုက်သည်။ သူ့လက်ချောင်းများသည် အပြင်ဘက်ကို ဦးတည်နေပါသည်။

ကျင်းယွမ်ချီ : "တွေ့တယ်မလား။ မင်းက ကိုယ့်ကိုကိုယ် ရိုက်ပြီး ရှီလောင်ရှီး ကို အပြစ်လာတင်နေတာ အသိအသာကြီးလေ။ ငါတို့အားလုံးကို မျက်စိကန်းနေတယ်လို့များ ထင်နေတာလား။ ”

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now