Chapter - 24.1 [Uni+Zawgyi]

184 36 0
                                    

ကျင်းယွမ်ချီသည် အချိန်ကြာကြာ မပုန်းနိုင်ခဲ့ပေ။

ရှီချင်း စကားပြောပြီးတဲ့အခါ ကောင်းကျီ တစ်ဖက်လှည့်လိုက်ချိန် သူ့ကို သတိပြုမိသွားခဲ့သည်။

လွန်ခဲ့သော သုံးရက်ကမှ အလုပ်စလုပ်ခဲ့သော လက်ထောက်လေးမှာ တံတွေးမြိုချလိုက်မိသည်။ "ကျင်းကော?!"

ကျင်းယွမ်ချီ က သူ့ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ကောင်းကျီ မသိစိတ်က နောက်တစ်လှမ်းပြန်ဆုတ်သွားမိတယ်။ သူထိုနေရာမှာပဲ တောင့်တောင့်တင်းတင်းရပ်နေခဲ့မိကာ လှုပ်ရှားရမည်တောင် ကြောင်နေခဲ့တယ်။

အခြေအနေနှင့် ပတ်သက်၍ သူမည်သို့တုံ့ပြန်ရမည်မှန်းမသိတော့ပေ။ ကျင်းယွမ်ချီ သည် များသောအားဖြင့် ပွင့်လင်းပြီး တက်တက်ကြွကြွနေတတ်သည်။ သူနဲ့ ပေါင်းရသင်းရတာလွယ်မယ့် ပုံပေါက်သည်။ ဒါပေမယ့် သူ့မျက်လုံးတွေက အခုဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းနေရတာလဲ။

ကျင်းယွမ်ချီ က သူ့စိတ်ဝင်စားမှုကို မနှိုးဆွပေးနိုင်တဲ့ အရာတွေကို ဘယ်တုန်းကမှ အာရုံမထားခဲ့ပေ။ ကောင်းကျီ က သူ့အကြောင်းကို ဘယ်လိုတွေးနေမလဲ သူဂရုမစိုက်ပေ သို့သော် သူအနည်းငယ်စိတ်တိုသွားခဲ့သည်။

ဒါဟာ ဘာနဲ့တူလဲဆိုရင် ကျားသစ်တစ်ကောင်သည်အမဲလိုက်ရန် စိတ်လှုပ်ရှားစွာဖြင့် သစ်ပင်ပေါ်ကနေ တိတ်တဆိတ် ခုန်ဆင်းလာကာ ၎င်း၏သားကောင်ဆီသို့ တိုးသွားချိန် ရုတ်တရက် ကျီးကန်းတစ်ကောင်က 'အာ့ အာ့ အာ့' ဟုကျယ်လောင်စွာ မြည်တမ်းပြီး ၎င်း၏ ကြိုးစားအားထုတ်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူပါသည်။

သူ့သားကောင်က သူကိုတွေ့သွားပြီဖြစ်တဲ့အတွက် သူခြုံပုတ်ထဲမှ ချောင်းမြောင်းခြင်းအား ဆက်မလုပ်ချင်တော့ပေ။

ဒါကစိတ်လှုပ်ရှားစရာ မကောင်းတော့ဘူးလေ။

ရှီချင်း မတ်တပ်ရပ်လိုက်ပြီး သူ့ကို ဘာမှမထူးဆန်းသလို လျစ်လျှူရှုတဲ့ သဘောထားမျိုးနဲ့ သူ့ကိုကြည့်တာကို တွေ့လိုက်ရတော့ သူ့စိတ်တွေ ပိုပိုချဥ်တက်လာခဲ့တယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now