Chapter - 24.3 [Uni+Zawgyi]

187 33 0
                                    

[ဝိုး ရက်စက်လိုက်တာကွာ။]

ရှီချင်း System ကိုပြောလိုက်သည်။ - [ဒီကောင်လေးက ပါးစပ်ပုတ်နဲ့မို့ ခင်မင်စရာမကောင်းရုံလောက်ပဲမဟုတ်လား။ ဒီလောက်ကြီးထိ ပြောလိုက်ဖို့တော့ မလိုဘူးလားလို့။]

System ဟာဟင်းချက်နည်းများကိုသာ ကြည့်ရှုနေခဲ့တာဖြစ်သည်။ သူ့ Host ကသူ့အား ဘာအကြောင်းပြောနေမှန်း မသိပေမယ့်လည်း မြန်မြန်ဆန်ဆန်ပဲ သံယောင်လိုက်လိုက်တယ်။ - [ဟုတ်တယ်၊ ဟုတ်တယ်၊ သူကအရမ်းရက်စက်တာပဲ။]

" ဟုတ်ပြီ! ဟုတ်ပြီ!! ကျင်းယွမ်ချီ!! မင်းစောင့်သာနေလိုက်!!!"

ကျူအန်းဟယ်သည် ရှေးခေတ်အဝတ်အစားများကို ၀တ်ဆင်ထားဆဲဖြစ်သည်။ သူသည်ဒေါသတကြီးဖြင့် အင်္ကျီလက်ပြတ်များကို ခါလိုက်ကာ အလျင်အမြန်ထွက်သွားခဲ့သည်။ ကျင်းယွမ်ချီ အတွက်တော့ သူဟာသူနဲ့ အတူတူ ဆော့ကစားပေးခဲ့သည့် အရုပ်တစ်ရုပ်သာသာပါပဲ။ သူထွက်သွားလည်း သူဂရုစိုက်မနေပေ။ သူပြုံးလိုက်သည့်အခါ မက်မွန်ပွင့်လိုမျက်လုံးများဟာ လိုက်လံကွေးညွတ်သွားတတ်သည်။ သူက ရှီချင်းအား စကားစလိုက်သည်။

"ရှီလောင်ရှီးက ဒေါသကိုကောင်းကောင်းထိန်းတတ်တာပဲ။ သူမင်းကိုဒီလိုဆက်ဆံတာတောင် မင်းကလုံးဝစိတ်ဆိုးတဲ့ပုံတောင်မဖြစ်ဘူးနော်။ "

"အဲ့လိုလုပ်လို့ အကျိုးမရှိဘူး။ အချိန်ဖြုန်းတာပဲရှိလိမ့်မယ်" သူကအခြေအနေအား တိုတိုတုပ်တုပ်နှင့် အကျဉ်းချုပ်ပြောလိုက်သည်။ " အကောင်သေးသေးခွေးတိုင်းက သူ့လိုမဟုတ်ဘူး။"

စကားလမ်းကြောင်းပြောင်းလဲမှုကြီးက ရုတ်ခြည်းဖြစ်သွားသဖြင့် ကျင်းယွမ်ချီ သည် အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။ ရှီချင်းပြောသည်က သူယခင်ကပြောခဲ့သည့် 'အကောင်သေးလေ ပိုဟောင်လေ' ဆိုတာကို ဆိုလိုကြောင်းသိလိုက်ရတဲ့အခါ သူတိတ်တဆိတ် ရယ်မောမိလိုက်သည်။

"ကျွန်တော် သူ့ကို မုန်းလို့တမင်ပြောခဲ့တာပါ။ လောင်ရှီးက ခွေးလေးတွေကို နှစ်သက်တယ်ဆိုရင်တော့ ကျွန်တော့်စကားကို ပြန်ရုတ်သိမ်းလိုက်ပါ့မယ်။"

ရှီချင်း : "အင်း"

အဲဒီနောက်မှာတော့ သူ့အကြည့်တွေက ပြန်စတင်ကာရိုက်ကူးနေပြီဖြစ်တဲ့ အဖွဲ့သားတွေဆီ လွင့်ပျံ့သွားပြန်တယ်။ သူသည် ကျင်းယွမ်ချီ နှင့် ထပ်ပြီးစကားမပြောချင်တော့ဟန် ပြုမူနေပြန်သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now