Chapter - 22.3 [Uni+Zawgyi]

171 32 0
                                    

ကြယ်သီးတွေနဲ့ ကစားရင်း စိတ်ထဲငြီးငွေ့လာတဲ့ လူငယ်လေးဟာ မျက်လုံးလေးများတောက်ပလာခဲ့တယ်။

“အင်း အင်း”

ယင်မင်ကျန်း၏ ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပြေလျော့သွားသည်။

လူသားမျ်ိုးနွယ်၏သူရဲကောင်းကြီးသည် သူ့ရင်ခွင်ထဲတွင် လူငယ်များကို ညင်သာစွာ ဖက်ထားရင်း ရှက်နေသည့်အပြုံးတစ်ခုအား ပြသခဲ့သည်။

ရှီချင်းသည် သူ့ကိုယ်အလေးချိန်ကို လျှော့ချလိုက်ပြီး ပျော်ရွှင်စွာဖြင့် ထိုလူကြီး၏အင်္ကျီပေါ် ပွတ်သပ်လိုက်သည်။

[စနစ်၊ မထွက်လာနဲ့တော့။]

Systemက သတိပေးရန် ခေါင်းလေးပြူထွက်လာသည်- [ host မင်း...... ပိုပြီးညင်သာသင့်တယ်။ နောက်ဆုံးတစ်ခေါက်က သူဆေးခပ်ခံရပြီး နိုးလာတဲ့အခါက သူ့ခါးကို တနေကုန် ပွတ်နေခဲ့ရတာ။]

ထိုအချိန်တုန်းကတော့သူ့ Host ကသူတို့ အမှန်တကယ် ဘာမှ မလုပ်ခဲ့ကြကြောင်း အခိုင်အမာ ပြောခဲ့ပါသော်လည်း System သည် ၎င်း၏ အချက်အလက်များတွင် သံသယများ ကျန်ရှိနေခဲ့သည်။

သတိပေးပြီးတဲ့နောက်သူသည် သူ၏ ဂါထာများကိုသာ နာခံစွာ သွားရွတ်ဖတ်နေခဲ့သည်။

တစ်နာရီလောက်ကြာပြီး‌တဲ့နောက် Systemဟာ သူတို့ပြီးသင့်လောက်ပြီဟု ထင်ခဲ့တယ်။ သူကသေသေချာချာလေး ခေါင်းလေးပြူကာကြည့်လိုက်သည်။

အရာအားလုံးဟာ မှုန်ဝါးဝါးများဖြင့်ဖုံးလွှမ်းလို့နေဆဲပါ။

သူကြောက်လန့်လို့သွားကာ သူ့ဂါထာစာအုပ်ထဲသို့သာ ခေါင်းထိုးကာနေခဲ့၏။

သုံးနာရီကြာပြီးတဲ့နောက် 'အိမ်ချက်ဟင်းလျာနည်းလမ်းတစ်ရာ' ကိုဖတ်နေသည့် System သည် ၎င်း၏စာအုပ်ကိုချရန် ပြင်ဆင်လိုက်သည်။

သုံးနာရီဆိုတာ လူသားတွေအတွက် လုံလောက်သင့်ပြီလေ ဟုတ်တယ်မလား။

သူခေါင်းလေး ထွက်ပြူကြည့်လိုက်ပြန်တယ်။

မှုန်ဝါးဝါးတွေကြောင့် လန့်ဖြန့်ပြန်ခုန်ဝင်လာခဲ့ရပြန်တယ်။

နောက်ဆုံးတွင် ငါးနာရီကြာပြီးနောက် System မှာသူ၏အမြင်အာရုံအား ပြန်လည်ကာရရှိခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now