Chapter - 24.2 [Uni+Zawgyi]

170 32 0
                                    

ရှီချင်းသည် ပြင်ပလောကကို လွန်ကဲစွာ ဆက်ဆံတတ်သူဖြစ်သည်ဟု အမြဲလူသိများသည်။ ထိုသို့ နာမည်ပျက်ထွက်ခြင်းက သူ့ပင်ကိုယ်စရိုက်ကြောင့် ဖြစ်နိုင်ပါ့မလား။

သူထိုအကြောင်းနည်းနည်းထပ်စဉ်းစားလိုက်တယ်။ ရှီချင်း ကို လူတိုင်းက ကွဲအက်ရန် ခဲယဉ်းသော အစေ့အဆန်ဟု လူတိုင်းက ယုံကြည်ခဲ့ကြသောကြောင့် အားလုံးက သူ့ကို ရှောင်ကြပြီး အေးစက်တယ် နှလုံးသားမရှိဘူး အုံ့အုံ့မှိုင်းမှိုင်းနေတတ်သည်ဟု ဆိုကြသည်။

သို့သော် လက်တွေ့တွင် ထိုကြမ်းတမ်းသော အပြင်ပန်းအခွံအောက်တွင် နူးညံ့သော အသားများရှိကြောင်း သိသူသည် ကျင်းယွမ်ချီ တစ်ဦးတည်းသာရှိသည်။ မင်းသူ့ကိုအခွံအားခွဲမည်ပြုကြည့် သူကကြောက်လန့်၍ပင် ထွက်ပြေးပေလိမ့်မည်။ မင်းဒါကိုသိသွားပါက ၎င်းသည် ၎င်း၏အခွံနောက်တွင် အကာအကွယ်တစ်ခုကဲ့သို့ ဂရုတစိုက် ဖုံးကွယ်ကာပုန်းပြီး အခြားသူအား ၎င်း၏အဆူးများဖြင့် ခြောက်လန့်ဖို့ကြိုးစားပါလိမ့်သည်။

ကျင်းယွမ်ချီက သူ့ကို ပိုပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ ထိုသို့ ပုန်းကွယ်ရင်း သေစေနိုင်ဟန်ဆောင်ထားပေမယ့် ဆန့်ကျင်ဘက်ဆန်စွာပဲ ဘာဒုက္ခမှ‌မပေးနိုင်ပါဘူး။

သို့သော် ရှီချင်း သည် မကြာသေးမီက audition ဖြေရာ၌ ကျင်းယွမ်ချီ အရည်အချင်းမပြည့်မီကြောင်းပြောရန် တောင်းဆိုခဲ့ကြောင်းကို သူရှင်းရှင်းလင်းလင်းကြားခဲ့ရသည်။

ရှီချင်းက သူတိုက်ရိုက်သွားမေးပါက နှုတ်ဆိတ်နေမည်မှာ သေချာပါသည်။

ဒါပေမယ့် အဲဒါက အရေးမကြီးပါဘူး။ သူတို့တွေ နေ့တိုင်းအတူတူအဖွဲ့တစ်ခုတည်း တူတူရှိရပြီး ဟိုတယ်တစ်ခုတည်းမှာလည်း အတူတူ နေကြရတာကြောင့် ဒီအခွံကို ဖောက်ဖို့ အချိန်အများကြီး ရှိခဲ့ပါတယ်။

***

မွန်းတည့်အချိန်၌ လျင်မြန်စွာ ထွက်ခွာသွားခဲ့သော်လည်း ရှီချင်း သည် မွန်းလွဲနှောင်းပိုင်းတွင် တိတ်ဆိတ်စွာ ပြန်လာခဲ့သည်။ လက်ရှိရိုက်ကူးနေတဲ့သူတွေကို ကြည့်နေရင်း ထုံးစံအတိုင်း မည်သူ့ကိုမှဂရုမစိုက်ဘဲ သူ့ထိုင်ခုံမှာ ထိုင်နေလိုက်တယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now