Chapter - 23.2 [Uni+Zawgyi]

169 32 0
                                    

ရှီချင်း အဝတ်လဲခန်းတံခါးကိုဖွင့်ကာ အပြင်ဘက်ထွက်လာတော့ လက်ထောက်က သူ့ကိုအပြင်မှာရပ်စောင့်နေခဲ့ပါတယ်။ ရှီချင်း ကိုတွေ့တာနဲ့ အမြန်နှုတ်ဆက်ကာ လှမ်းပြောလိုက်တယ်။- “ရှီကောရဲ့တစ်ရက်တာ ရိုက်ကူးရေးကပြီးသွားပြီ။ ဟိုတယ်ပြန်ချင်လားခင်ဗျ။"

ဤလက်ထောက်သည် သူ၏မှတ်ဉာဏ်များအရ အသစ်ငှားထားသူဖြစ်သည်။ မူလပိုင်ရှင်က မကြာသေးမီက အရင်လူများအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။ သူ၏လက်ထောက်များသည် တစ်လထက် ပိုကြာအောင် မမြဲသောကြောင့် အနုပညာအသိုင်းအဝိုင်းထဲ၌ 'လက်မမြဲသူ' ဟူသော အမည်ပြောင်ကို ရရှိခဲ့သည်။

နောက်ကွယ်က အဓိပ္ပာယ်ကတော့ တခြားသူတွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ထွက်မသွားအောင် တင်းတင်းဆုပ်ကိုင်ထားကြပေမယ့် သူ့ရဲ့ ဖမ်းဆုပ်ထားမှုက တစ်လလောက်ကြာအောင်တောင် မြဲမြဲမဖမ်းနိုင်တဲ့အတွက် ထိုသို့ခေါ်ကြခြင်းဖြစ်သည်။

“ငါဟိုတယ်ကို မပြန်ဘူး။ ငါဒီမှာပဲနေလိုက်မယ်" ရှီချင်းက အေးစက်စက်နဲ့ ပြန်ဖြေလိုက်တယ်။

သူက လက်ထောက်လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး “မင်းနာမည်ဘယ်လိုခေါ်လဲ။”

သုံးရက်ကြာ အမှုထမ်းခဲ့ရသော လက်ထောက်လေးသည် သူ၏သခင်မှာ သူ့နာမည်အား မေးလာရန် အချိန်အတော်ကြာခဲ့သည်ဟုသာတွေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သုံးရက်ကြာလောက်သာ အလုပ်လုပ်ရသေးတဲ့ လက်ထောက်ရဲ့နာမည်ကို မသိတာ သာမာန်ပါပဲ ဆိုတဲ့အကြည့်ကို ဝတ်ဆင်လိုက်တယ်။ သူကပြောလိုက်သည်။ “ကျွန်တော့်နာမည်က ကောင်းကျီ ပါ။ ရှီကော ကျွန်တော့်ကို ရှောင်ကောင်းလို့သာအဆင်ပြေသလိုခေါ်ပါ။"

"အင်း" ရှီချင်းက တိုတိုတုပ်တုပ်သာ တုံ့ပြန်လိုက်သည်။

ကောင်းကျီသည် သူ့ရှေ့ကလူ၏ ပျင်းရိနေသောအမူအရာကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေဟာ အမှန်ပဲလို့ သူထင်ခဲ့ပါတယ်။

ဒီဘိုးဘေးနဲ့ ဆက်ဆံရတာက တကယ်ကို ခက်ခဲပါတယ်။

ကောင်းကျီသည် ဤနေရာ၌လုပ်ရသည်က သုံးရက်သာရှိသေးသော်လည်း ပထမနှစ်ရက်၌ တောက်တိုမယ်ရအလုပ်နှင့် ပြေးလွှားရင်းအလုပ်များနေခဲ့သည်။ ရှီချင်းနဲ့ ကောင်းကောင်းမွန်မွန် ဒီနေ့မှမျက်နှာချင်းဆိုင်ရသော်လည်း သန့်စင်ထားတဲ့ နတ်ဆိုးငရုတ်သီးဆော့စ်ကို ထုတ်လုပ်ရေးတစ်ဖွဲ့ထဲမှ တက်သစ်စကြယ်ပွင့်၏ အစားအသောက်ထဲမှာ ထည့်ပေးဖို့ တာဝန်ပေးအပ်ခံလိုက်ရပါတယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now