Chapter - 23.1 [Uni+Zawgyi] ⭐Arc - 2

253 27 0
                                    

ကျင်းယွမ်ချီ ထွက်သွားပြီးနောက် ရှီချင်း သည် သူ့လက်ထောက်ကိုပါ အပြင်သို့ထွက်ခိုင်းခဲ့သည်။ အဝတ်လဲခန်းထဲ၌ သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

ထိုအချိန်မှသာ သူသည်မျက်လုံးမှိတ်ကာ ဤကမ္ဘာနှင့်ပတ်သက်သည့် အချက်အလက်အချို့ကို ဂရုတစိုက်လက်ခံရရှိခဲ့သည်။

ဖျော်ဖြေရေးအဝန်းအဝိုင်းကြား ဝတ္ထုတစ်ပုဒ်ပဲဖြစ်သည်။ ဇာတ်လိုက် ကျင်းယွမ်ချီသည် ချမ်းသာသောမိသားစုမှမွေးဖွားလာသော်လည်း တက္ကသိုလ်ဘွဲ့ရပြီးနောက်နှင့် မိသားစုနှင့် စကားများရန်ဖြစ်ခဲ့သည်။ ဒေါသတကြီးဖြင့် စီးပွားရေးပါရမီရှင်ကြီးသည် ဖျော်ဖြေရေးသမားဖြစ်လာရန် အိမ်မှထွက်ပြေးခဲ့သည်။ နှစ်ဝက်အတွင်းမှာပင် သူသည် မည်သူမှမသိသည့်လူသစ်လေးတစ်ဦးမှ နာမည်အကြီးဆုံးတက်သစ်စကြယ်တစ်ပွင့်ဖြစ်လာခဲ့သည်။

သေချာတာပေါ့။ ဒီလိုဖြစ်လာသည်ဟာ သူ၏ကြိုစားအားထုတ်မှု တစ်ခုတည်းကြောင့်တော့မဟုတ်ပေ။ သူကသူ၏ မိသားစုမှထွက်လာခဲ့တာ ဟုတ်ပေမယ့် သူနှင့်မိသားစုနောက်ခံတူသည့် ငယ်ရွယ်သောလူငယ်များနှင့် အဆက်အသွယ်ရှိဆဲပါ။ ထိုလူငယ်များ အားလုံးဟာ အိမ်တွင်ပိုးမွေးသလိုအမွေးခံကြရပြီး အပြင်ဘက်တွင်လည်း သြဇာရှိကြသည်။ အထူးသဖြင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုဟာ ထင်ရှားလှသည်။ ကျင်းချီယွမ် ဖျော်ဖြေရေးလောကထဲတင်ရောက်လာတဲ့အခါ သူတို့သည် သူ့အား အလွန်ကိုဂရုစိုက်ပေးခဲ့ကြသည်။

သို့သော် သခင်ငယ်တစ်ဦးအဖြစ်လည်း ဖုံးကွယ်ထားပြီး ချမ်းသာသည့်ကျောထောက်နောက်ခံ များစွာရှိခြင်း၏ အားနည်းချက်မှာ အခြားသူများသည် သူ့အား အမြင့်ရောက်အောင် ခန္ဓာကိုယ်ရောင်းစားသူတစ်ဦးအဖြစ် အထင်မှားစေခဲ့သည်။

ဒီလူငယ်လေးဟာ ရုပ်ရည်အထူးချောမောနေတာကြောင့်လည်း ပါမှာပေါ့။ သူ့တွင် သပ်ရပ်သော မျက်ခုံးများ မက်မွန်ပွင့်များကဲ့သို့ မျက်လုံးများဖြင့် သွယ်လျသော ခန္ဓာကိုယ်လည်းရှိသည်။ သူပြုံးမနေရင်တောင် သူ့မျက်နှာထက် အပြုံးနုနုလေးအမြဲရှိသလိုကို ထင်ရသည်။ သူ့ရဲ့ ကောင်းမွန်လှတဲ့ ကိုယ်လုံးကိုယ်ပေါက်ပါ ထက်ပေါင်းလိုက်တဲ့အခါ သူဟာ ဖျော်ဖြေရေးသမားတွေအကြားမှာ ပို၍ပေါ်လွင်သွားခဲ့ပါတယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now