အပိုင်း (47) ZU

Start from the beginning
                                    

"ခွန်း ကို ဒီရဲတိုက်ကလွှတ်ပေး...ဘယ်တော့မှ
လာမတွေ့နဲ့..လုပ်ချင်ရာလုပ်ဆိုပြီး လွတ်လပ်ခွင့်ပေးပါ..ခွင့်လွှတ်ပေးမယ်..."

Lord က ဆံပင်တွေ သပ်ချလိုက်ရင်း...
"Fuck.....!"

အနုနည်းနဲ့ မရတော့ဘူးဆိုတော့....

"ခွန်း...မင်းအခု ထမင်းစားမလား.. မင်းဘေးက
လူတွေကို ငါ အပြစ်ပေးရမလား...ကြိုက်တာရွေး.."

ခွန်း ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားကာ အသက်ရှုတာတောင် ရပ်သွားရင်း

"စားမယ်..."

"မင်းသိထား...မင်းက ငါ့အတွက်အသက်ရှင်
ရမယ်...မင်းငါမသိအောင် မင်းအသက်ကိုမင်း နည်းနည်း လောက်ထိလိုက်တာနဲ့...မင်းဘေးကသူတွေလဲ အသက်မရှင်စေရသလို..မင်းမိသားစုတွေကိုပါ
ငါတစ်ယောက်မှ အလွတ်မပေးဘူး...ငါပြောရင်ပြော
တယ့်အတိုင်း လုပ်တယ်နော်.... ခွန်း...."

Lord က စိတ်ထဲမပါတယ့် စကားတွေကို​ပြောနေမိသည်။ မင်းအသက်ရှင်ဖို့ ငါကလူဆိုးကြီး အဖြစ်ခံနိုင်ပါတယ်....

ခွန်း က ကုတင်မှ ထလိုက်သည်။

"......."

Lord က ခွန်းကို ထူပေးကာ ထမင်းစားခန်းကို ခေါ်သွားသည်။

"အ့....ပါးက... နာလိုက်တာ..."

ပါးစပ် ဟ လိုက်တိုင်း နာ ကျင်မှုကိုခံစားရသည်။

"ဖြေးဖြေး...."

Lord က သူ့ကိုယ်သူ ဒေါသထွက်နေမိသည်။

Lord က ခွန်း လက်ကို မြင်တော့.....

အနီရောင်အကွင်းလိုတွေ.....သေချာမတွေ့ရဘူး

ခွန်းက အင်္ကျီလက်က အရှည်ဝတ်ထားတော့ ဘယ်သူမှ မမြင်မိတာပါ...အနီးကပ်တွေ့မှ...

Lord က ခွန်းရဲ့ လက်ကို ကိုင်ကာ အင်္ကျီလက်ကို ခေါက်တင်ကြည့်လိုက်တော့...
လက်ကောက်ဝတ်မှာ နီရဲနေသည်။
"ဒါက.....နာနေသေးလား...ကိုယ်ဆေးထည့်ပေးမယ်.. "

"ရပါတယ်.... မလိုဘူး....."

ခွန်း က စားပြီးတော့....Lord ကို ကြည့်ကာ...

"ကျွန်မ ဟာက နောက်သုံးရက်ဆို ပြန်ကောင်းလိမ့်မယ်...လိုချင်ရင်...လာယူလို့ရတယ်...အခြားကောင်မလေးတွေနဲ့ သွားပျော်ချင်လဲသဘောပါ...လုပ်ချင်ရာလုပ်လို့ရတယ်.. အရင်ကပြောခဲ့တာတွေမေ့လိုက်ပါ.....ကိုဟိန်း ကို လွှတ်ပေးပါ..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now