အပိုင်း (47) ZU

Start from the beginning
                                    

မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် စစ်ပွဲကို အစီရင်ခံချက်ကို ဖတ်ရင်း....

"စစ်တပ်ဗျူဟာက.... ဘာလို့ စောက်သုံးမကျတယ့် နည်းလမ်းကို ရွေးထားရတာလဲ...."

"ဘာကိုဆိုလိုတာလဲ.... Lord..."

"မင်းတို့ အစီစဥ်ကိုလဲ ပြန်ကြည့်အုံး...
နိုင်လေအုံးမယ်....ငါတစ်ခါတည်းပြောထားမယ် ဒီ စစ်ပွဲအတွင်း လာဘ်စားမှုတွေ ရှိလို့ကတော့....
ဘယ်သူကိုမှ ညှာနေမှာ မဟုတ်ဘူး..."

"Lord....စစ်အတွင်းကိုသွားမှာလား..."

"ငါသွားမှာ...နောက်နှစ်ရက်အတွင်း...ငါကိုယ်တိုင်သွားကြည့်မယ်...ဘာလို့များ မင်းတို့အခုထိ
မနိုင်တာလဲ ဆိုတာ ငါသိချင်မိတယ်..."

"အစည်းဝေးဒီလောက်ပဲ...ညနေတစ်ခေါက်ပြန်
စမယ်....."

Lord က ထသွားတော့ အကုန်လုံး က
မက်တပ်ရပ်ကာ ဦးညွှတ်ကြရသည်။

Lord က ထွက်သွားသည်။ Lord ရဲ့ လက်ထောက်က
အပြင်မှာ ရှိနေသည်။

"ခွန်း ဘယ်မှာလဲ....."

"အခန်းထဲမှာပဲ....Lord...."

Lord က ခွန်း ဆီကို သွားသည်။

အခန်းရှေ့မှာ ရပ်စောင့်နေသည့် ဖြူစင်နွယ် နဲ့
နှင်းစက်...

"Lord....."

ခေါင်းညွှတ်ကြသည်။

"ခွန်း....နေ့လည်စာ စားပြီးပြီလား..."

"မမလေး...မနက်ထဲက အခုထိ ဘာမှ မစားရသေးပါဘူး...."

Lord က အခန်းထဲဝင်သွားသည်။

ခွန်း က ပန်းချီဆွဲနေသည်။

"ခွန်း နေ့လည်စာ စားရအောင်"

"မစားချင်ဘူး.... "

"ခွန်း......ကိုယ်စိတ် မကြည်နေဘူးနော်....နေ့လည်စာ စားရအောင်ပြီးရင် ဆေးသောက်ရမယ်..."

"..........."

"ခွန်း....ကိုယ်ပြောနေတယ်ကြားလား.."

"ငတ်ပြီးသေသေ...ဒီ အတိုင်းပစ်ထားလို့
မရဘူးလား......"

"ခွန်း...ဆုဟေသာ...မင်းက ဘယ်သူ့သဘောနဲ့
သေချင်နေတာလဲ..."

".....ခွန်း....ပန်းချီဆွဲနေတယ်...."

"ခွန်း...ကိုယ်မှားသွားတယ်..ကိုယ်တောင်းပန်
နေတယ်...ကိုယ်ဘယ်လိုလုပ်ပေးမှ...မင်းခွင့်လွှတ်မှာလဲ..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now