Extra1 (uni + Zawgyi )

21.2K 976 106
                                    


"မာဗာရစ်!!"


မီးဖိုချောင် အခန်းထဲမှ အော်သံခပ်စူးစူးက အိမ်တော်တစ်ခုလုံးကို ပျံ့နှံ့ လွင့်ပျယ်လာပြီး ဖုံးလွှမ်း၏၊၊ ထိုအော်သံ၌ ဒေါသတွေပါနေသည့်အပြင် စိတ်မရှည်ခြင်းများစွာလည်းကိန်းအောင်နေသည်၊၊ ထိုဆောင့်အော်လိုက်သံကြောင့် အိမ်၏ ဧည့်ခန်းအတွင်း ထိုင်နေပြီး အလုပ်စာရင်းတွေလုပ်နေသော laptop ပေါ်၌ ပြေးလွှားနေသည့် ဗာရစ်၏ လက်တွေက တစ်ချက်မျှတွန့်သွားခဲ့သည်၊၊


ဒီလောက်အော်ခေါ်လိုက်ပုံအရ လွန်းရန် သေချာ ပေါက် ဗာရစ်ကို ဆူဖို့ပင်ဖြစ်လိမ့်မည်၊၊ အလုပ်ပိတ်ရက် လေး နှစ်ကိုယ်တူ အေးအေးဆေးဆေး လေးနေရမယ်ထင်ထားသော်လည်း မနက်မိုးလင်းထဲက ဟိုဟာလျှောက်လုပ် ဒီဟာလျှောက်လုပ်ပြီး တစ်ခုခုမှားယွင်နေတာတွေ့လျှင် ဗာရစ်ကိုဘဲ လွန်းရန်က ခေါ်ခေါ်ဆူတတ်သည်၊၊


အခုတစ်ကြိမ် ဗာရစ်ကို ခေါ်ခြင်းက ငါးကြိမ်မြောက်ခေါ်ဆိုခြင်းဖြစ်သည်၊၊ သူ ကုမ္ပဏီ ကိုယ် ကုမ္ပဏီ ဖြစ်သွားတယ်ဆိုကထဲက အမောင်လွန်းရန်အနား ဗာရစ်မှာ ကောင်းကောင်းပင်မကပ်ရတော့၊၊ထို့ပြင် အိမ်က ခွေးနှစ်ကောင်ကလဲ လွန်းရန်အနားကပ်၍ ရှိသေးပြန်တော့ ဗာရစ်ဘဝက သောင်ပြင် မှာလွှတ်တဲ့ ရွှေဟင်္သာလေးလို့ပါပဲ အဖော်မဲ့ အထီးကျန်မှုကသာ များနေခဲ့သည်၊၊

ဗာရစ်ကို အော်ခေါ်နေမှန်းကြားပေမဲ့လည်း တမင်သက်သက် မထူးဘဲ မကြားချင်ယောင်ဆောင်ကာ အလုပ်သာဆက်လုပ်နေမိသည်၊၊ မနက်ထဲက ဗာရစ်အနားလုံးဝမကပ်သေးတဲ့လွန်းရန်ကြောင့် ဗာရစ် စိတ်ဆိုးချင်နေသည်၊၊ နည်းနည်းအခဲမကျေဖြစ်နေပေမဲ့ ဘာမှမပြောသေးဘဲ ဒီတိုင်းသာ လွှတ်ထားပေးမိသည်၊၊


"ဟေ့ကောင် မာဗာရစ်!!"


အေပရွန်ကြီးဝတ်ထားသည့်အပြင် ညာဘက်လက်က သံယောင်းမတစ်ချောင်းကိုင်ထားပြီး ဘယ်ဘက်လက်က ပဲငံပြားရည်ဘူးကို လွန်းရန်က ကိုင်ထားသည်၊၊ ဘာကိုစိတ်ဆိုးလာမှန်းမသိပေမဲ့ စုကြုတ်နေသော မျက်ခုံးတန်းတွေနဲ့အတူ အကြည့်တွေကအစ စူးစူးရဲရဲ၊၊ အမလေး မာဗာရစ်ဘဝလဲ ယောကျ်ား ရမှဘဲ တော်တော် လေးကို မလွယ်လာတာပါလား

My  Stranger   Husband   RICKWhere stories live. Discover now