32(Zawgyi )

7.3K 136 1
                                    

ညနေ6 နာရီဆိုသော အချိန်ကိုရောက်လာတာကြောင့် ညစာ စားပွဲကလည်းနီးကပ်လာလေသည်၊၊အိမ်တော်၏ ခြံဝန်းကျယ်ထဲ၌လည်း  ဆွေမျိုးများအပြင် မိတ်ဆွေအများစုက စုရုံး ရောက်ရှိနေကြပြီဖြစ်သည်၊၊  စကားပြောသံများနှင့် ဖွင့်ထားသော Dj သံတို့ကြောင့်  ရစ်အိမ်တော်က စည်းကားစွာနဲ့ပင်ဆူညံ့နေသည်၊၊အိမ်တော်၏ ခြံထဲ၌ မာမီနဲ့ဒါလီယာက ဧညိ့သည်များကိုဧည့်ခံရင်းစကားပြောနေကြသည်၊၊ ဗာရစ်နဲ့လွန်းရန်ကတော့ အခုထက်ထိ အိမ်အောက်မဆင်းဖြစ်သေးဘဲအခန်းထဲမှာဘဲထိုင်နေကြသည်၊၊

ဗိုက်ကလေးရလာမှ လွန်းရန်က တစ်ယောက်ထဲတစ်သီးတစ်သန့်လေးနေချင်တဲ့အချိန်တွေကများလာသည်၊၊ဗာရစ်တစ်ယောက်ထဲ အနားကပ်နေတာတောင် လွန်းရန်က ရှုပ်လို့ဆိုပြီးခဏခဏမောင်းထုတ်သေးတာ ဒီလိုသာလူအများကြီးကြားထဲနေရမည်ဆို  လွန်းရန်သေချာပေါက် စိတ်ရှုပ်နေမှာ၊၊ဒါကြောင့်ဗာရစ် အစောကြီး အိမ်အောက် မဆင်းဖြစ်သေးတာဖြစ်သည်၊၊

"လွန်းရန်"

"ပြောလေမောင်"

ကုတင်ပေါ်၌ထိုင်ကာ စာအုပ်ဖတ်နေသောလွန်းရန်က  ဗာရစ်ကို လှည့်မကြည့်လာဘဲ ပြန်ဖြေလာ၏၊၊  တဖြည်းဖြည်းနဲ့အချိန်က ညဦးပိုင်းကိုစရောက်လာပြီမို့  အိမ်အောက်ဆင်းကာ နည်းနည်းတော့ မျက်နှာသွားပြမှဖြစ်မည်၊၊ လွန်းရန်ပုံစံကိုကြည့်တော့ အိမ်အောက်ဆင်းပြီး  ဧည့်သည်တွေကို နှုတ်ဆက်ဖို့ အာရုံထဲထည့်ထားပုံမရ၊၊ ဖတ်နေသော စာအုပ်ကိုသာ အာရုံစိုက်ပြီးဖတ်နေတာဖြစ်သည်၊၊


ဗာရစ် က အနောက်တိုင်းဝတ်စုံကိုကျကျနနဝတ်စားထားပြီးသော်လည်း လွန်းရန်က အိမ်နေရင်းဝတ်အင်္ကျီနဲ့သာဖြစ်ပြီး ဘာမှမပြင်ဆင်ရသေး၊၊ ဗာရစ်အင်္ကျီအပွကြီးတစ်ထည်နဲ့ ချည်သားဘောင်ဘီရှည်ကိုသာ လွန်းရန်က  ပေါ့ပါးစွာဝတ်ဆင်ထား၏၊၊  ရေချိုးပြီးထဲက  စုတ်ဖွာနေသော ခေါင်းကိုလဲ မဖီးသေး၊၊ ဗာရစ် ခေါင်းဖီးပေးမယ်ဆိုတော့လည်း  ဗာရစ်ကိုအနားတောင်အကပ်မခံ၊၊   တကယ်ဘယ်လိုဟာလေးမှန်းကိုမသိ

"မောင် မင်းဘာပြောမို့လဲ"


"အိမ်အောက်ဆင်းရမယ်လေလွန်းရန်  "


My  Stranger   Husband   RICKWhere stories live. Discover now