4

40.3K 1.8K 158
                                    

Uni

နှစ်ပတ်ကြာပြီတာတောင် အပုန်းကောင်းနေသူအား မင်းသန့်ဘယ်နေရာရာမှာမှ ရှာမတွေ့၊၊ ရန်နိုင်လူတွေ ရှာမတွေ့ခင် အစ်ကို ကို မင်းသန့်အရင်ဆုံးရှာတွေ့မှဖြစ်မည်၊၊ စိုးရိမ်စိတ်တွေနဲ့အတူ အခုနှစ်ပတ်လုံးမှာ မင်းသန့်ကောင်းကောင်းမွန် မွန် မနားရသေးပေ၊၊ အခု မင်းသန့် မိမိ အိပ်ခန်းထဲ၌ ဟိုလျှောက် ဒီလျှောက်လုပ်နေသည်မှာ ကြိမ်ဖန်ရေ များစွာပင်ရှိနေပြီ၊၊ သို့သော် မင်းသန့် အခုထိ ရပ်တန့်လို့မရသေးဘဲ ဆက်လျှောက်နေမိတုန်းပင်

ပိုက်ဆံလည်းပါသွားပုံမရတဲ့ အစ်ကိုက ဘယ်နေရာမှာ ရောက်ပြီး အခုချိန် ဘာတွေများဖြစ်နေလိမ့်မလဲ၊၊ အတွေးတို့က ရောက်ရက်ခတ်ကာပင် ရှိနေ၏၊၊ ဘယ်နေရာမှာများ ရှိနေမလဲဆိုပြီး စဥ်းစားရသည်မှာ မင်းသန့် ခေါင်းပင် ပေါက်ထွက်တော့မည်၊၊

" အစ်ကို မင်းသန့် "

" အော် စေရာ အခြေအနေ ဘယ်လိုလဲ အစ်ကို ရန်ကို ရှာလို့တွေ့လား "

" နေပြည်တော် နဲ့ မန္တလေး ကိုလည်း ပိုက်စိပ်တိုက် ရှာပြီးပြီး အရိပ်အယောင်တောင်မတွေ့ရဘူး "

" ဒုန်း !!"

ဒေါသထွက်ထွက်နဲ့ ကုတင်ခြေတိုင်ကို ပြေးကန်လိုက်တဲ့ အစ်ကိုမင်းသန့်က အသက်ရူသံတွေကအစ မြန်နေ၏၊၊ သခင်လေး ရန် ကိုဆို အစ်ကိုမင်းသန့်က အမြဲတမ်း ဦးစားပေးသလို အမြဲတမ်းလည်း အရိပ်တကြည့်ကြည့် နဲ့ ဂရုစိုက်၏၊၊ ဒါက သူတို့နှစ်ယောက်ကြားက ညီအစ်ကို ဆက်ဆံရေးကြောင့်ဟု နားလည်ပေးလို့ရသော်လည်း တစ်ခါတစ်လေ တော့ စေရာ နည်းနည်း သဝန်တိုမိသည်၊၊ ဘာလို့ဆို အစ်ကို မင်းသန့်ကို စေရာက သဘောကျနေလို့ပင်၊၊ အစ်ကို မင်းသန့်က စေရာကိုဆို လုံးဝပင်လှည့်ကြည့်သည်မဟုတ်၊၊ အလုပ်ကိစ္စ နဲ့ ပြောစရာဘာညာရှိမှသာ အရေးလုပ်ပြီး စကားပြောတာဖြစ်၏၊၊

အခုစေရာစိတ်ထဲ တွေးနေမိတာက မကောင်းသော အတွေးခပ်ညစ်ညစ်တို့ဖြစ်၏၊၊ သခင်လေး ရန် အခုပျောက်ဆုံးမှုက ထာဝရ ပျောက်ဆုံးမှု မျိုးဖြစ်သွားဖို့ စေရာမျှော်လင့်နေမိသည်၊၊ သခင်လေးရန်သာ ဒီလူလောက မှာ မရှိတော့ရင် အစ်ကိုမင်းသန့်ကလည်း စေရာကို နည်းနည်းတော့ သဘောကျလာနိုင်သေးသည်မလား၊၊ ဒါကြောင့် ဒီရှာဖွေမှုကို စေရာ သေချာ မရှာပေးမိ၊၊ ပျောက်သွားတဲ့ လူက ပြန်ပေါ်မလာတာအကောင်းဆုံးဘဲ

My  Stranger   Husband   RICKWhere stories live. Discover now