13

29.4K 1.5K 292
                                    

Uni

ကျယ်ဝန်းလွန်းတဲ့ ခြံကျယ်ထဲသိူ့ BMW ကားနက်ပြာလေးက ပုံမှန်အရှိန်နှုန်းဖြင့်မောင်းနှင်းဝင်ရောက်လာခဲ့သည်၊၊ ထို့နောက် ခြံကျယ်ထဲက အိမ်ကြီးရဲ့ အိမ်ရှေ့စင်ဝင်အောက်၌ ညင်ညင်သာသာနဲ့ထိုးရပ်သွားခဲ့သည်၊၊ ထိုကားပေါ်မှ ခြေတံ ရှည်တွေရှိ‌သော ခပ်ငယ်ငယ် ကောင်လေး တစ်ယောက်က ဆင်းလာသည်၊၊ ထိုကောင် လေးရဲ့ လက်ပေါ်၌ အဖြူရောင်ခပ်သေးသေးပုံရိပ်လေးတစ်ခုလည်း ပါလာ၏၊၊ ထိုအဖြူရောင်ပုံရိပ်လေးကို ညင်သာ စွာဖြင့် ထိုကောင်လေးက ပွေ့ချီထားသည်၊၊ ထို့နောက် အိမ်ကြီးထဲသို့ တစ်လှမ်းချင်းလျှောက်ဝင်လာခဲ့၏၊၊

"သားရစ် ဘယ်လိုဖြစ်လာတာလဲ"

ဧည့်ခန်းရှေ့ကအဖြတ် မာမီ မှ လှမ်းကာမေးလာသည်မို့ ဗာရစ် အပေါ်သို့တတ်မည် ခြေလှမ်းတွေက ဧည့်ခန်းရှေ့၌ ရပ်တန့်သွားရသည်၊၊

" ခဏမာမီ ကျုပ် လွန်းရန် ကို အပေါ်မှာ သွားထားလိုက်အုံးမယ်၊၊ပြီးရင် ပြန်ဆင်းလာမယ်"

အပေါ်ထပ်သို့ တတ်သွားသော သားရစ်ကိုကြည့်ပြီး နှောင်းရစ် ခေါင်းသာ အသာခါထုတ်မိတော့သည်၊၊ အရင်ရှေ့ရက်တွေကဘဲ မာဗင်ရစ်သေဆုံးမှုကြောင့် ဒီနှစ်အိမ်ထဲ လူသစ်ရောက်သော ရွှန်းလဲ့ဝေဆာနဲ့ ရန်လေးကို မြို့ပြင်ကအိမ်၌ အကျယ်ချုပ်သွားထားခဲ့သည်၊၊ အခုကျတော့ သူကိုယ်တိုင်ပင် ရန်လေးကို ချီပြီး အိမ်သို့ပြန်ခေါ်လာခဲ့ပြန်သည်၊၊ ရန်လေး ဒီအိမ်မှာမ ရှိတဲ့ ရက်တွေလည်း မာဗာရစ် အိမ်မှာ မရှိ၊၊ ဘယ်တွေသွားနေလည်းတော့မသိပေမဲ့ အလုပ်ကိစ္စ တွေ ရှုပ်ထွေးနေတာကိုတော့ နှောင်းရစ် သိသည်၊၊

တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့ သားရစ်က သေချာပေါက် ရန်လေးအပေါ် စိတ်ယိုင်နေပြီပင်၊၊ သွားမေးရင်သာ မဟုတ်ဘူး ဘာလို့အဲ့လိုဖြစ်ရမှာဘာညာနဲ့ အငြင်းစကားပြောသောလည်း အကြည်တွေ ဂရုစိုက်ပြုမှုပုံတွေကတော့ အပြောနဲ့ထပ်တူကျခြင်းမရှိ၊၊ သူများတွေကို လိမ်ရတာက မပင်ပန်းပေမဲ့ ကိုယ်ကိုလိမ်ရတာတော့ စိတ်ပင်ပန်းမှန်း သားရစ် သေချာ သိသေးပုံမပေါ်ဘူး၊၊ တွန်းအားပေးစရာတော့ လိုမယ်လို့တော့ နှောင်းရစ်မထင်မိ၊၊ တစ်နေ့နေ့တော့ သားရစ် နှုတ်ကနေ ရန်လေးအပေါ်ခံစားချက်တွေရှိကြောင်းသူကိုယ်တိုင် ဖွင့်ချလာမှာမလို့ပါဘဲ၊၊

My  Stranger   Husband   RICKWhere stories live. Discover now