3

43.6K 1.9K 241
                                    

Uni

မနက်ခင်းနေရောင်ခြည်နုနုသည် လိုက်ကာများကြားမှ  တိုးထွက်ကာဖြင့်  အခန်းတွင်းသို့ အရိပ်ဖြာကြကာ  ကျရောက်လာသည်၊၊  ပြတင်းပေါက်နဲ့  ကုတင်နဲ့က နီးကပ်သော အနေအထားကြောင့် ထို နေရာင်ရဲ့အရိပ်ဟာ ဖြန့်ကားလျက်ဖြင့် ကုတင်ပေါ်၌ အိပ်ပျော်နေသော  ကောင်လေးနှစ်ယောက်ပေါ်သို့ တဖြည်းဖြည်း  ရိပ်မိုးကျလာ၏၊၊

ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေသော  ကိုယ်လုံးခပ်အိအိလေး၊၊  မျက်နှာ ပေါ်သို့ ဖြာကျနေသော နေရာင်ခြည်၊၊  ရင်ဘက်ပေါ်သို့ ခပ်နွေးနွေးတိုက်ခတ်နေသော လေပူငွေ့၊၊  နှာဖျားကနေတစ်ဆင့်   အရက်နံ့ချဥ်စုတ်စုတ်တို့ကိုပါ   ရလာလေတော့  ဗာရစ် မျက်မှောင်ကြုတ် ကာပင်  အိမ်မက် ကမ္ဘာမှ နိုးထလာရတော့သည်၊၊

နိုးနိုးခြင်းမြင်ရသည့်က  ခေါင်းလုံးလုံးပင်ဖြစ်၏၊၊ အရက်နံချဥ်စုတ်စုတ်က ဘယ်ကလာနေသလဲ မှတ်တယ်  ဟို လူရဲ့ ခေါင်းဆံပင်ကနေ ဖြစ်နေ၏၊၊  ထို့နောက် အကြည့်တို့ကို အောက်သို့ပို့မိတော့   ကိုယ်လုံးတီး ဖြစ်နေသော ထိုလူက  ဖွင့်ထားသော အဲကွန်းကြောင့်ထင်ရဲ့ ဗာရစ် ရင်ခွင်ထဲသို့ ပုဇွန် ထုတ်လေး လိုကွေးကာဖြင့် အတင်းတိုးဝင်နေ၏၊၊   ညကတော့  ရေမိုးချိုးပြီး ဗာရစ် ကိုယ်ဘာသာ အဝတ်အစားဝတ်ထားသောလည်း  ထိုလူကိုတော့ ဘာမှမလုပ်ပေးခဲ့ပေ၊၊ ထိုပြင်မနေ့က  လောင်းချထားသော အရက်တွေကြောင့် ဒီမနက်တော့ ထိုလူ ခန္ဓာကိုယ်က အနံ့ထွက်နေလေ၏၊၊  ညစ်ပတ်ရင် မနေတတ်တဲ့ ဗာရစ်မှာတော့ ရင်ခွင်ထဲ ဖြဲတိုးနေတဲ့ လူကို လက်မောင်ရင်းမှကိုင်ကာ တစ်ခြားဖက်သို့ တွန်းလွှတ်လိုက်ပြီး ကုတင်ပေါ်မှ  ထထိုင်လိုက်သည်၊၊  တစ်ခြားဘက်သို့ ရောက်သွားသောလူက  အနွေးဓာတ် ပျောက်လို့ဖြစ်မည် လက်က စမ်းတဝါးဝါး နှင့် တစ်ခုခုကို ရှာဖွေနေဟန်၊၊

"  ညစ်ပတ်လိုက်တာ  "

ညက အိပ်တာနောက်ကျသည့်ကြောင့်  ဒီမနက်တော့ ဗာရစ် အိပ်ရေးသိပ်မဝပေ၊၊  အိပ်ရေးမဝလျှင် လူက ပြဿနာမရှိ ပြဿနာရှာကာ တွေ့တဲ့လူမှန်သမျှပတ်ရမ်းချင်နေ၏၊၊  ဒါကတော့  အိပ်ရေးမဝလျှင် ဖြစ်တတ်တဲ့ ဗာရစ် အကျင့်ပင်ဖြစ်သည်၊၊  ကုတင်ဘေးက စားပွဲပေါ်၌ တင်ထားသော နာရီအသေးလေးဆီ အကြည့်ပို့မိတော့  မနက် 8 နာရီခွဲနေလေပြီ၊၊  10 နာရီထိုး  မာမီတို့က လက်မှတ်ထိုးရမယ်လို့ပြောထားတာကြောင့် အခုထဲက ထကာ လုပ်မှ တော်ကာ ကျမည်၊၊   ထို့ကြောင့်  သိုးနေအောင် အိပ်နေသော ဟိုလူကို နိုးရန်  ဗာရစ်ပြင်ရတော့သည်၊၊

My  Stranger   Husband   RICKWhere stories live. Discover now