22 (uni)

25.6K 1.2K 90
                                    

Uni

တစ်ပတ်လောက်ကြာပြီးချိန်မှာတော့    မျှော်လင့်နေသော ဘုရားပွဲသို့ရောက်လာခဲ့ပြီဖြစ်သည်၊၊  ဒီကနေ့က ဘုရားပွဲ အစနေ့မို့  မိုးစလင်းပြီဆိုထဲက ဘုန်းကြီးကျောင်းမှ   သီချင်းဖွင့်သံကဆူညံ့စွာပင်စတင်ခဲ့၏၊၊  တဒုန်းဒုန်းနဲ့ သီချင်းပေါင်းစုံအသံကြောင့်  ရန် အိပ်မရဘဲ နိုးနေသည်မှာ မနက်8 နာရီထဲကဖြစ်သည်၊၊ ဒီ 8နာရီက ရန် အစောဆုံးအိပ်ယာထဖူးတဲ့အချိန်ပင်ဖြစ်၏၊၊  ရစ်ကတော့  မနက်ထဲက  အပြင်ထွက်သွားသည်ဟု ရွန်ကပြောပြသည်၊၊ 


ပြီးခဲ့တဲ့ရက်တွေက ရော  အခုရက်တွေရောမှာ  ညဆိုရင် ရန်မှာ ပုန်းစရာနေရာရှာရတော့သည်၊၊ အကြောင်းမှာ  ညတိုင်းအလွှတ်မပေးတဲ့  ရစ်ကြောင့်ပင်ဖြစ်သည်၊၊  အမျိုးသားကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် ဆေးဝါအပြင် ဆက်ယှက်မှုလည်း လိုသေးသည်ကြောင့် ဆရာမလေးက တစ်ပတ်နှစ်ခါလာက်တော့ အနည်းဆုံးအတူတူနေပေးရမည်ဟု  ရန်ဆီသို့ဖုန်းဆက်လှမ်းပြောခဲ့သည်၊၊ ရန် အမေရိက မှာရှိတုန်းကတော့ သူမက အဲ့ကိစ္စပြောဖို့မေ့နေလို့ပါဆိုပြီး ရန်အိမ်ပြန်ရောက်ပြီးနောက်နေ့မှဖုန်းဆက်ပြောလာတာဖြစ်၏၊၊  တိုက်ဆိုင်စွာပင် ဆရာမလေး ဖုန်းဆက်ပြီးရန်နဲ့စကားပြောနေသည်ကို  ရစ်က အကုန်ကြားသွားခဲ့သည်၊၊



ဆရာမလေးက  တစ်ပတ်နှစ်ကြိမ်လို့ပြောပေမဲ့   နားကြားလွှဲသွားပုံရသော ရစ်ကတော့ သူလိုရာဆွဲတွေးကာပင်  တစ်နေ့ နှစ်ကြိမ်လို့ ထင်သွားပုံရသည်၊၊  ထိုနေ့မှစ၍  ရန်၏ ညတွေက  တော်တော် ကိုစ၍ဆိုးရွာလာတော့သည်၊၊ တစ်ခါတစ်လေ မိုးဘယ်ချိန်လင်းပြီး ညနေ ဘယ်ချိန်စောင်းသွားမှန်းတောင်မသိလိုက်ရဘဲ  ကိုယ်ခန္ဓာ ကိုက်ခဲ၍ နေ့ဘက်တွေ ကုတင်ပေါ်၌သာမှိန်းနေရသည်၊၊ အပြင်မထွက်ဖြစ်တာတောင်  ရက်စိတ်လာခဲ့၏၊၊ စောခါးလေးကတော့ နေ့တိုင်း ရန်အနားသို့လာကာ စာလည်းလုပ်သလို  အဖော်လည်းလာပြုပေးတတ်သည်၊၊  ထို့ပြင် တစ်ပတ်လောက်ဘဲနေပြီး  ပြန်မည်ဟုပြောသော မင်းသန့်နဲ့  ဧည့်သည် ကောင်းလေးစေရာတို့ကလည်း ဘုရားပွဲအပြီးထိနေပြီမှ ပြန်မယ်ဖြစ်သွားကြသည်၊၊ထို့ကြောင့်   ရောက်ခါစကလို့  နေ့ခင်းနေ့လယ်တောင် အိမ်ကြီးက တိတ်ဆိတ်မနေဘဲ  မင်းသန့်နဲ့ ရွန်တို့ စနောက်သံတွေနဲ့အတူ  ဒါလီယာနဲ့ စောခါးတို့၏ ဆော့ကစားသံတွေနဲ့သာ နေ့တိုင်းအသက်ဝင်နေတော့သည်၊၊


My  Stranger   Husband   RICKWhere stories live. Discover now