16

27.4K 1.3K 113
                                    

Uni

ရွာကိုရောက်ပြီး တစ်ပတ်မြောက်နေမှာတော့  ရန်အိမ်တွင်းထဲမှာဘဲ ဆက်မအောင်းနေနိုင်တော့၊၊  ဒီရက်တွေမှာ  ရန်နေကောင်းလို့အပြင်ထွက်ချင်သော်လည်း မာဗာရစ်က စိတ်မချဘူးဆိုကာ  အပြင်ပေးမလွတ်၊၊ထို့ကြောင့် ဒီအိမ်ကြီးထဲမှာဘဲ ရန် သောင်တင်နေရတော့သည်၊၊အခုနေကောင်းသွားပြန်တော့လည်း သူမပါရင်မထွက်ရဘူးဆိုကာ လူကို အမိန့်ချထားပြန်ပြီ၊၊ ဟိုနေရာလည်း   မလွတ် ဒီနေရာလည်းမလွတ်နဲ့ ကြာတော့  လူက ထွက်ပြေးစိတ်က ပေါ်လာ၏၊၊

ရန် ဒီအခန်းတွင်းမှာဘဲ ထိုင်နေတာ 2 နာရီကျော်လောက်ရှိပြီဖြစ်သည်၊၊  မာဗာရစ်နဲ့ ရွန်တို့ကတော့  အတတ်အဆင်းလှေကားဘေးက အခန်း၌ အလုပ်လုပ်နေကြလိမ့်မည်၊၊ ထိုအခန်းကို ဒီအိမ်စရောက်ထဲက အလုပ်အခန်းဖြင့် သူတို့ကသုံးခဲ့သည်၊၊ ထို့ကြောင့်  အိမ်ရှေ့ကနေ  အပြင်ထွက်မယ်ဆိုရင်  ထိုအခန်းက  တန်းပြီး  အိမ်ရှေ့ဘက်ကိုမြင်နေရတာမို့   ရန်  အပြင်ထွက်လို့မရနိုင်၊၊  ဒီအိမ်ကြီးရဲ့ အောက်ထပ်က အခန်း တွေ က အခန်းတံခါးကိုလိုက်ကာ အပါးလေးနဲ့သာ လုပ်ထားတာဖြစ်ပြီး  အပေါ်ထပ်က အခန်းတွေကိုတော့ ကျွန်းသစ်သားတံခါးတွေဖြင့်  ဆောက်လုပ်ထားသည်၊၊ တစ်အိမ်ထဲဆိုပေမဲ့လည်းအပေါ်ထပ်နဲ့ အောက်ထပ်ရဲ့ ဖွဲ့စည်းဆောက်လုပ်မှုပုံစံကအနည်းငယ်ကွဲပြားသည်၊၊

ဘယ်ကနေ  အပြင်ခိုးထွက်ရမလဲ ဆိုတာ အခန်းထဲထိုင်လျက်ရန် စဥ်းစားနေသည်မှာ တဖြည်းဖြည်းနဲ့ ထပ်ပြီး နာရီဝက်ကျော်လာခဲ့သည်၊၊ ဦးနှောက်ထဲ ဘာမှ စဥ်းစားမရသေး၊၊   အခန်းထဲ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့်  ရန် မှာ အသည်းအသန်စဥ်းစားနေရသည်၊၊

"ဒီနေ့ ရအောင် အပြင်ထွက်ရမယ်  "

နောက်ထပ် အချိန်တစ်ခုကြာပြီးမှာတော့  ရန်   အကြံဥာဏ်တစ်ခုရလာလေသည်၊၊ အရင်  ရန်နိုင်အိမ်မှာတုန်းကလိုဘဲ  လိုက်ကာတွေဆက်ပြီး အောက်သို့တွဲလောင်းချ၍ တွယ်ဆင်းလျှင်တော့ သေချာပေါက်   လွတ်နိုင်ခြေရှိသည်၊၊ ထို့ပြင် ဒီချိန်ကလည်း  မာဗာရစ်တို့ အလုပ်များနေလောက်မဲ့အချိန်မို့ ရန်ခိုးထွက်တာကို ဘယ်သူမှ သိလောက်မည်မဟုတ်၊၊  အပြင်ခဏဘဲသွားပြီး ချက်ချင်းပြန်လာရင်တော့  မာဗာရစ်နဲ့ ရန်ပက်ပင်းမတိုးနိုင်၊၊

My  Stranger   Husband   RICKWhere stories live. Discover now